Q and A

166 4 0
                                    

သာသာ။  ။ စာဖတ်သူတွေက မေးခွန်းလေး။
တွေမေးထားပါတယ် ဇေယျာနဲ့တေဇာ ရှင်တို့ဖြေပေးနိုင်မလား??

နှစ်ယောက်လုံး ။  ။ရပါတယ်။

သာသာ။   ။candy crushကဘယ်လိုဖြစ်လာတာလဲတဲ့ ။နားမလည်လို့ပါတဲ့။

ဇေယျာ။  ။ အာ့အကြောင်းအရာအသေးစိတ်ကို ဒိုင်ယာရီထဲရေးထားပါတယ်။

သာသာ။  ။အာ့ဒိုင်ယာရီထဲကအကြောင်းအရာကို သိခွင့်ရမလားတဲ့။

ဇေယျာ။  ။နွယ်က လိုင်းပေါာတင်မယ်လို့လုပ်တုန်းက မောင်က ကျွန်တော်တို့နှစ်ယောက်ရဲ့အမှတ်တရတွေကို အခြားသူတွေကိုမမျှဝေချင်ဘူးလို့ပြောထားလို့ မအိုင်ရင်းကို မပေးတာပါ။

သာသာ ။  ။ဒါဆို candy crushအကြောင်းမသိရတော့ဘူးပေါ့

တေဇာ ။  ။ နည်းနည်းပြောပြလို့ရပါတယ်

ဇေယျာ။  ။ မောင်နဲ့စစချင်းတွေ့တာက တက္ကသိုလ်တက်ဖို့ဖောင်ဖြည့်တဲ့နေ့ကပါ

သာသာဆွံ့အ😱😱
နှစ်ယောက်သားပြုံးလျက်

ဇေယျာ။  ။အာ့နေ့မှာစိတ်ညစ်နေတဲ့ ကျွန်တော့်ကို ချောကလက်သကြားလုံးပေးခဲ့တဲ့မောင့်ကို သတိထားမိတာပါဘဲဗျ။အာ့နေ့ပြီးနောက် ကျောင်းကပြန်တွေ့ရတဲ့အချိန် ရေစက်ဆိုပြီး ဒိုင်ယာရီစာအုပ်ကို Candy crushဆိုပြီး နမည်ပေးလိုက်ရာကစတယ်ထင်ပါတယ်ဗျ။

တေဇာ။  ။မြင်မြင်ချင်းအချစ်ဖြစ်ခဲ့ပြီး မောင့်ကို မြေခွေးဆိုးလေးလိုကြံခဲ့တယ်ပေါ့ဟုတ်လားအချစ်

အင်တာဗျူးနေတဲ့သာသာ့ရှေ့လာရိုနေသောနှစ်ယောက်ပါ။

သာသာ။  ။အဟမ့် ဒိုင်ယာရီစာအုပ်က ဘယ်လိုဖြစ်ပြီး တေဇာဆီရောက်သွားတာလဲ

တေဇာ။  ။ ဇေထွက်သွားတဲ့နေ့က ကျွန်တော်လဲ နယ်ပြန်တယ်။ အာ့မှာနွယ်ကကျွန်တော့်ဆီလာပြီးစာအုပ်လာပေးတာ။

သာသာ။  ။ အာ့စာအုပ်ထဲမှာပါတာတွေသိချင်လိုက်တာ

တေဇာ။  ။မသိတာပိုကောင်းပါမယ်ဗျ။ ဘယ်သူ့ကိုမှမထိခိုက်စေချင်တော့ဘူးဗျ။ ကျွန်တော်တို့အေးချမ်းနေပြီမို့

သာသာ။ ။ဟုတ်ကဲ့ပါ။ မနေနွယ်နဲ့ကောအဆက်အသွယ်ရှိသေးလားရှင့်။ သူ့ရဲ့အချစ်ရေးကိုလဲသိချင်လို့ပါတဲ့

နှစ်ယောက်သားကျေနပ်အားရဖွယ်ရယ်လျက်

တေဇာ။ ။ မအိုင်ရင်းယုံကြည်မှာတောင်မဟုတ်ဘူးဗျ။ နွယ်နဲ့အဆက်အသွယ်ရပါတယ်ဗျ။ နောက်အပတ်တောင် ကျွန်တော်တို့ သူ့မဂ်လာဆောင်ကို သွားရတော့မှာ။

သာသာမျက်လုံးပြူးပါးစပ်အဟောင်းသားနဲ့

ဇေယျာ။ ။ ဘယ်သူနဲ့လက်ထပ်တာလဲသိရင်ပိုတောင်အံ့ဩအုံးမှာ

သာသာ။  ။ဘယ်သူနဲ့လဲ????

တေဇာ။  ။သီရိနဲ့

သာသာအမေးဇင်းဖြစ်သွားပါတယ်။

တေဇာ။  ။ကျွန်တော့်ကိုသာ သန်မာ‌တယ်။ နားလည်ပေးနိုင်တယ်။ သဘောထားကြီးတယ်ဆိုတဲ့ပုံစံကိုပြပြီး ကွယ်ရာမှာ ကြေကွဲခံစားနေရတဲ့ နွယ့်ကို သီရိကအချိန်ပြည့်နှစ်သိမ့်ပေးပြီး နွယ်သွားရာနွယ်လုပ်ရာ အလုပ်မှန်သမျှတိုင်းဘေးနားကထပ်ကြပ်မခွာလိုက်အားပေးတယ်တဲ့လေ။

ဇေယျာ။  ။ သီရိလဲကျွန်တော့်လို အရံလူဖြစ်ခဲ့ပေမယ့် သီရိက မိန်းကလေးဖြစ်နေပေမယ့် ကျွန်တော့်လိုမဟုတ်နေခဲ့ဘူး။

စိတ်မကောင်းဖြစ်နေတဲ့အသံဖြင့်ပြော တေဇာကရင်ခွင်ထဲပွေ့ဖက်၍

"အချစ်ရယ် အာ့လိုမျိုးတွေမတွေးပါနဲ့လို့ မောင်ရော နွယ်တို့ရော ပြောထားတယ်မလား"

"ဒါပေမယ့်ဆိုတာတွေမရှိဘူး၊ ဟိုကဖြင့် လက်ထပ်တော့မယ်။ အချစ်က စိတ်မကောင်းဖြစ်တုန်းဘဲလားဟမ်"

ဟုတ်ကဲ့ သာသာသူတို့နှစ်ယောက်ကိုထားခဲ့ပြီး readernimတို့ဆီဘဲအပြေးလာခဲ့လိုက်ပါတယ်။ သာသာ့ကိုနှစ်သိမ့်ပေးကြမယ်မလားဟင်။ extraမရှိပေမယ့် ပေါာမလာသူ သာသာ့ကို အခုလိုအမေးအဖြေလေးနဲ့ စိတ်ဆိုးပြေမယ်မလားဟင်🥹🥹
သာသာ့ရဲ့အသစ်လေးကိုလဲ အားပေးကြပါအုံးလို့🙏

Candy CrushWhere stories live. Discover now