အခန်း(၂၆)

694 21 0
                                    

ပြိုင်ပွဲဆိုတာ နှစ်ဦးနှစ်ဖက်သဘောတူညီမှသာ စတင်တဲ့အရာ.....။
++++++++ +++++++ +++++++ ++++++++
လှေကားပေါာမှ ခြေချော်ကျသည်ဖြစ်သော်လည်း ပြင်းထန်သည့်ဒဏ်ရာမရ၍တော်သေးသည် ။ ဆေးရုံတွင်(၂၄)နာရီစောင့်ကြည့်ပြီးနောက် ဓာတ်မှန်ရိုက်ဖို့ရန်နှင့်အဖြေစောင့်ရန် လိုသေးသည်မို့ ဆေးရုံတွင်ဆက်နေရပေအုံးမည် ။
တေဇာမောင်ကတော့ဆေးရုံမှာလူနာစောင့်အဖြစ်‌ေနပေးသည့်ကာလအတွင်း ဇေယျာ့အတွက်က နတ်ပြည်ရောက်နေသလိုပင်ဖြစ်သည် ။

ဇေယျာကခြေကျင်းဝတ်ထိခိုက်ထားပြီး ညာဘက်လက်ဖျံရိုးနည်းနည်းထိသွားသဖြင့် အလှုပ်အရှားလုပ်ရာတွင်အခက်အခဲရှိနေသည် ။ ထို့အတွက် တေဇာမောင်ကပင် ထမင်းခွံကျွေးခြင်း ၊ အိမ်သာလိုက်ပို့ခြင်း ၊ အဝတ်အစားလဲပေးခြင်း များပြုလုပ်ပေးသည် ။

ဇေယျာအတွက်ခက်ခဲသည့်အရာမှာ တေဇာမောင်အဝတ်အစားလဲပေးချိနိတွင်ဖြစ်သည် ။ လက်မြှောက်ရာတွင်လက်ကို ဒဏ်ဖြစ်မည်စိုး၍ ကြယ်သီးပါရှပ်အကျီများဖြစ်သဖြင့် ကြယ်သီးတပ်နေချိန်တွင်လည်းကောင်း၊ ဖြုတ်နေချိန်တွင်လည်းကောင်း တေဇာမောင် နှင့်အလွန်နီးကပ်လျက်ရှိနေသည် ။ အကျီကိုယ်ပေါာဝတ်ချိန်တွင်လဲ တေဇာမောင်ရဲ့ရင်ခွင်နှင့် သူ၏မျက်နှာထိကပ်မိချိန်မျိုးများတွင် ထိုရင်ခွင်ထဲအလုံးစုံပစ်ဝင်ချင်စိတ်များပေါာလာသည်။

နောက်ထပ်ပြသနာတစ်ခုမှ ပုဆိုးလဲပေးချိန်နှင့် အိမ်သာသွားချိန်တွင်ဖြစ်သည်။ ထိုအခါမှ တေဇာမောင်ဟာ သိပ်အစအနောက်သန်သော အရှက်မဲ့စကားများပြောတတ် သေးသော လူတစ်ယောက်အဖြစ် မြင်လာရသည်။ ကျွန်တော်က ကျွန်တော့်အပြစ်နဲ့ကျွန်တော်မို့

"ရတယ် ၊တေဇာ‌ပုဆိုးကတော့ ငါ့ဘာသာဝတ်လိုက်ပါ့မယ်"

"အပိုတွေလုပ်မနေနဲ့ ဟျောင့်၊ ပုဆိုးလေးလဲခါနီးကျမှ မင်းကဘာတွေရှက်နေတာလဲ"

"မရှက်ပါဘူးကွ မင်းကလဲ"

"မရှက်ဘူးသာ ပြောနေ ၊ မင်းမျက်နှာခရမ်းချဉ်သီးလိုဘဲ"

"ငါကဘာကိစ္စရှက်ရမှာလဲ၊ ယောကျာ်းချင်းချင်းကို"

"ဟုတ်ပါပြီ ပဲမြစ်ရယ်"

Candy CrushWhere stories live. Discover now