အခန်း(၂၄)

660 22 0
                                    

သံသယတွေဟာ အမှန်တကယ်ဖြစ်လာမယ်လို့ မမျှော်လင့်ထားပေမယ့် တနေ့နေ့တော့ မျက်နှာချင်းဆိုင်ပြောကြရမည်ဆိုတာ
သိပါတယ်.....။
***** ***** ***** ****** ****** ****** ******
‌နွယ်ဟာ တညလုံး စဉ်းစားခန်းဝင်ပြီးသည့်နောက်ခိုင်မာသောအတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။

ကို့ ရဲ့ စိတ်အစဉ် နဲ့ နှလုံးသားတစ်ခုလုံးကို နွယ်ကအပိုင်ရနေသည်က တပန်းသာနေသည်ကိုလဲ နွယ် ဟိုနေ့ညကပင်သိခဲ့ပြီးဖြစ်သည် ။

ဆက်လက်ပြီး နှလုံးသားကိုကော ရုပ်ခန္ဓာကိုယ်ပါ အပိုင်ရဖို့အတွက် နွယ်တို့ဒီတခေါက် ပထမနှစ်ပြီးလျှင် စေ့စပ် ကြောင်းလမ်းဖို့အကြောင်း ကိုနဲ့တိုင်ပင်မည်ဟူပင်ဖြစ်သည်။ နွယ်တို့နှစ်ဖက်မိဘတွေကလဲ သိပြီးသားဖြစ်၍ လက်ခံမည်ဟုလဲယုံကြည်သည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများတောင်တက်အသင်းအဖွဲ့ * ဟူသော ပိုစကာကပ်ထားသည့် ကားနားတွင် နွယ် စောင့်နေမိသည်။ အချိန်ကား ၆နာရီခွဲနေပြီဖြစ်သည် ။ လူတစ်ဝက်လောက်က ကားပေါာသို့ရောက်နေပြီဖြစ်သည်။ သီရိက နေရာဦးပေးထားမည်ဆိုသောကြောင့်အထုပ်ပင်ကားပေါာသို့ မထားနိုင်ဘဲ နွယ်မျှော်နေမိသည် ။
အချိန်ကား ၆နာရီ ၄၅မိနစ် အသင်းခေါင်းဆောင်ပင် ကားပေါာမှာလူစုရန် ဆော်ဩနေပြီဖြစ်သည်။
ပြတင်းပေါက်နားကနေ သီရိထွက်လာပြီး

"နေနေ ၊ ဖုန်းဆက်ကြည့်ပါလား "

"နေပါစေတော့၊ ကိုတကယ်ထွက်လာဖို့မရလို့ထင်တယ်"

"ငါနင်တို့ကိုအာ့တာတွေမကြိုက်တာ ၊ တစ်ယောက်ကိုတစ်ယောက်ဖြည့်တွေးနေရာကနေ ဘယ်တော့မှမပွင့်လင်းဘူး"

နွယ်ဘာမှပြန်မပြောဘဲ ဂိတ်ပေါက်ကိုသာ ကြည့်နေရင်းမှ ကားပေါာသို့တက်လာခဲ့သည်။

~ကိုတကယ်ဘဲငါ့ဆီမလာချင်တော့တာများလား~
~ဖုန်းဆက်မေးလိုက်လို့... ပြန်ရလာမယ့်အဖြေတစ်ခုကို ငါလက်မခံနိုင်ရင်ကော~
အတွေးများနဲ့ ရှုပ်ထွေးနေစဉ် သီးသန့်ဖုန်းအသံမြည်လာသောအခါ ချက်ချင်းကိုင်လိုက်မိသည်အထိ နွယ်ဘယ်လောက်မျှော်နေမှန်းသိသာသည်။ လာနေရင်းနှင့် ဖုန်းဆက်တာလားဟု အတွေးဝင်ရင်း ကားပေါာကဆင်းမည်အပြု တစ်ဖက်ဖုန်းထံမှ စကားကြောင့် သွားနေရာမှရပ်မိသည်။

Candy CrushWhere stories live. Discover now