"နေနွယ်က ဘာဖြစ်သလဲဇေ"
ကျွန်တော့်ရဲ့ပခုံးတွေကို လှုပ်ကိုင်ကာမေးလာသောမောင့်အား ကျွန်တော်နင့်နင့်နဲနဲစိုက်ကြည့်ကာ စကားလုံးတစ်ချို့တို့ကိုညစ်ထုတ်ကာပြောလိုက်ရသည်။
"နေနွယ်က ၊ နောက်နှစ်ဝက်ကို ဘန်ကောက်မှာကျောင်းတက်ဖို့စကော်လာရထားတယ်ဆို"
'အာ့တော့ဘာဖြစ်လဲဆက်ပြော'ဆိုတဲ့ပုံစံမျိုးမောင်ကကြည့်လာသောအခါ
"အခုချိန်မှာနေနွယ်က မောင့်ရဲ့တရားဝင်ချစ်သူ၊
မောင့်ရဲ့လူသိရှင်ကြားချစ်သူနေမကောင်းဖြစ်နေတဲ့အပြင် နောက်လအနည်းငယ်မှာနိုင်ငံခြားေကျာင်းသွားတက်တော့မှာ၊ မောင်က ငါနဲ့အတူအိမ်ကိုလိုက်လည်မို့လား"မောင့်ရဲ့မျက်ဝန်းတွေထဲအရိပ်တစ်ချို့ဖြတ်ပြေးသွားတာကို မြင်လိုက်ရသည်။
"မင်းပြတ်ပြတ်သားသားတစ်ခုကို အသေအချာပြောစမ်းပါဇေ"
"ငါတို့ကအခုမှ ဆယ်ကျော်သက်အရွယ်လေးတွေပဲရှိသေးတာ မောင်၊ ဟိုတနေ့ညကငါတို့ဖြစ်ခဲ့တဲ့ကိစ္စမှာလဲ ၊ အရွယ်ရောက်ကာစယောကျာ်းလေးနှစ်ယောက်စမ်းသပ်တဲ့သဘောမျိုးမို့မှားခဲ့ကြတာမျိုးလို့ သတ်မှတ်လိုက်ပါ"
"မင်းရဲ့စိတ်ရင်းမဟုတ်တဲ့စကားေတွကို အစကနေအဆုံး၊ ငါအကုန်နားထောင်မှာမို့ မင်းပြောစမ်း၊ ဆက်ပြော၊ မင်းလဲနာကျင်ငါလဲနာကျင်ပေါ့"
မေးရိုးတွေတင်းလာကာ စိတ်ဆိုးဝမ်းနည်းမှုကို ထိန်းရင်းထွက်လာသော မောင့်အသံတို့က ခပ်ရှရှဖြစ်သည်။ ထိန်းထားတဲ့ကြားက မောင့်ရဲ့ မျက်ဝန်းညိုတွေက အရည်ဖွဲ့လာသည်။
"မောင့်ကို ငါအချိန်ပေးပါမယ်။ မောင်သေချာစဉ်းစားပါ။ နှစ်ယောက်ထဲကတစ်ယောက်ကို မောင်ပြတ်ပြတ်သားသားေရွးတဲ့အခါငါ့ကို ဘာမှငဲ့ကွက်မနေပါနဲ့မောင် "
"နေနွယ့်ကိုသေချာဂရုစိုက်လိုက်အုံးမောင်၊ ငါ့ကိုလိုက်မပို့နဲ့တော့"
မောင့်ရဲ့မျက်ရည်တွေကိုမြင်နိုင်စွမ်းမရှိတာကြောင့် လှည့်ထွက်ဖို့ပြင်လိုက်သည်။
"အချိန်ဘယ်လောက်ကြာကြာစဉ်းစားစဉ်းစား ငါ့မှာအဖြေတစ်ခုဘဲရှိတယ်ဇေ ၊ မင်းသာငါ့ဆီပြန်လာဖို့လိုတာ ၊ ချစ်တယ်ဇေ"
နောက်ကျောဖက်ဆီမှ ထွေးဖက်မှုနဲ့အတူ ဆံနွယ်ထက်သို့ကျရောက်လာသောနွေးထေွးမှုတစ်ခုကို အချိန်တစ်ခုကြာအောင် လွမ်းနေရတော့မှာပဲ....ချစ်တယ်မောင်။ တရားဝင်ပြောခွင့်ရှိတဲ့နေ့ကျ မောင့်ရဲ့မျက်ဝန်းညိုတွေကိုကြည့်ရင်း တဝကြီးပြောခွင့်ရချင်မိတယ်။
အခွင့်ရှိခဲ့ရင်ပေါ့......မောင်။Note: hey reader nimတို့ မတွေ့တာကြာပြီရော 😁😁 စိတ်မဆိုးကြဖို့ တောင်းပန်ပါတယ် ။ အခုကစလို့မကြာမကြာupပေးမယ့်အပြင် candy crushလဲ ဇာတ်သိမ်းတော့မှာဖြစ်ကြောင်းကြေငြာချင်ပါတယ်။ love you...မမေ့ကြပါနဲ့နော်
YOU ARE READING
Candy Crush
General Fiction"ငါအဆင်သင့်ဖြစ်တဲ့အခါ မင်းဆီလာခဲ့မယ်' #တေဇာမောင် "အစတည်းက ငါကအရှုံးသမားပါမောင်" #ဇေယျာဦး "ကို့ ကိုအရမ်းချစ်တဲ့သူ့ကိုပြန်ငဲ့ကြည့်ပါအုံး" #နေနွယ်