အခန်း(၄)

1.1K 38 0
                                    

တင်~တင်~တင်
နှိုးစက်မြည်နေတာကြောင့်ကျွန်တော်ထပိတ်လိုက်ပြီးပြန်အိပ်နေလိုက်သည်။ ထိုအချိန်အခန်းတံခါးရှေ့မှ
"ဒေါက်ဒေါက်"ဟုတံခါးကိုအဆက်မပြတ်လာခေါက်နေသည်။ကြည့်ရတာထမဖွင့်မပေးချင်းလက်လျှော့မယ့်ပုံမပေါာဘူး။
နဂိုတည်းကအိပ်ရေးမဝရင်စိတ်မကြည်ပါဘူးဆိုကာမှ။ တံခါးကိုဖွင့်ကာကြည့်လိုက်တော့ ကျွန်တော်နဲ့အရပ်မတိမ်းမယိမ်းဆိုပေမယ့်သူကနှစ်လက်မလောက်နိမ့်သည်။လက်ထဲတွင်လဲမျက်နှာသစ်ဖို့နဲ့တူတယ်။ရေခွက်တွေကောသဘက်တွေကောနှင့် ကျွန်တော်စိတ်အချဉ်ပေါက်သွားကာ
"ဘာကိစ္စတံခါးလာခေါက်တာလဲ"
နဂိုသူစိမ်းတွေနဲ့သိပ်စကားမပြောဖူးတာကတစ်ကြောင်း၊အိပ်ရေးမဝသေးသည်ကတစ်ကြောင်းမို့စကားအပြောအဆိုက အဆင်မပြေမှန်းသိသော်လည်း မနူးညံ့နိုင်ပေ။
"ဒီမနက်PTချိန်လေ၊အာ့တာ မောင့်ကိုလာနှိုးတာ"
~မောင့်ကိုလာနှိုးတာ~ဆိုသည့်နေရာမှာကျွန်တော်မျက်လုံးပြူးသွားရသည်။
သူ့ပုံစံကိုကြည့်တော့လဲအရမ်းကြီးမနွဲ့လှပါ။ပုံစံကကျွန်တော်ထက်တောင်‌ကျားယားနေတာကိုဘယ့်နှယ့်မောင်လို့ခေါာပါလိမ့်။
ကျွန်တော်ပိုတင်းသွားရတော့သည်။
ထိုအချင်းလူကိုပြန်ပြောဖို့လုပ်နေစဉ်
ကျွန်တော့်ရဲ့private ringtoneကလာတော့သည်။
"ဟယ်လို နွယ်"
"ဟယ်လို..."
နွယ်သည်လည်းကျွန်တော့်လိုပင်မနက‌်စောစောမထတတ်ချေ။အခုကကျွန်တော်နှိုးဖို့ပြောထားလို့သာသူနိုးနေရခြင်းဖြစ်သည်။
"ဟယ်လို ကိုနိုးပြီလား"
"နိုးပြီ နွယ်ရဲ့"
"ဟုတ်လား...နွယ်နှိုးတာနောက်ကျသွားလား"
"နောက်မကျပါဘူးနွယ်ရယ်...အချိန်ကိုက်ပါဘဲဗျာ"
ကျွန်တော်နွယ်မမြင်ရမှန်းသိပေမယ့်ခုနကနောက်နေသောစိတ်အစဉ်တို့သည်။ကြက်ပျောက်ငှက်ပျောက်ပင်ဖြစ်သွားသည်။
နွယ်နှင့်ဖုန်းပြောနေရင်းနှင့်ပင်မျက်နှာသစ်ဖို့အတွက်ပြင်ဆင်နေရင်းမှအခန်းတံခါးရှေ့၌
လူရှိနေသည်ကိုသတိထားကြည့်မိတော့ခုနကလူပင်ဖြစ်နေသည်။
"နွယ်အာ့ဆို ကို မျက်နှာသွားသစ်တော့မယ်နော်။
နွယ်ပြန်အိပ်ချင်အိပ်လေ ကိုPTပြီးချိန်ဆိုအတော်ဘဲကိုနှိုးမယ်ဟုတ်ပြီလား"
"ဟုတ်ကိုအာ့ဆိုဒါဘဲနော် ချစ်တယ်"
"အင်းကိုလဲချစ်တယ်၊"
ဟုဆိုကာဖုန်းချလိုက်သည်။ ထို့နောက်အခန်းရှေ့ဘက်သို့လှည့်ကာ
"ဒီမယ် မင်းအခုထိမသွားသေးဘူးလား"
"ငါ မောင့်ကိုစောင့်နေတာလေ"
"ဒီမယ် ၊မင်းကိုငါမသိဘူး၊ပြီးတော့မင်းဘာလို့ငါ့ကိုမောင်လို့ခေါာတာလဲ"
"အော့့်ဟော့"ဟုဆိုကာတစ်ချက်ရယ်လိုက်တာကြောင့်ကျွန်တော်ကြောင်အသွားရသည်။
"မောင့်နမည်ကတေဇာမောင်မဟုတ်ဘူးလား"
"ဟုတ်တယ်"
"တေဇာမောင်မို့ မောင်လို့ခေါာတာလေ၊ ထားပါလာနောက်ကျနေပြီမျက်နှာသစ်ကြမယ်"
"သူပြောတာလဲဟုတ်သလိုလိုရှိသားဘဲ၊"ဟုစိတ်ထဲကဆိုကာ မျက်နှာသစ်ဖို့ဆင်းလိုက်တော့သည်။
တစ်ဖက်တွင် နွယ်တစ်ယောက်ပြန်အိပ်မရတော့တာကြောင့်လိုင်းခဏသုံးကြည့်လိုက်သည်။ Chat boxတွင်မနေ့ညကလာaddထားတဲ့သူHiဟုပို့ထားတာကြောင့်နွယ်ငကြောင်လားဟဆိုပြီးreplyမလုပ်လိုက်ပေ။
#Irena

Candy CrushWhere stories live. Discover now