နှစ်ဝက်စာမေးပွဲများ နီးကပ်လာပြီဖြစ်သောကြောင့် တက္ကသိုလ်ကျောင်းသားတိုင်းအလုပ်များကြလေသည် ။ ဂုဏ်ထူးမှန်းကျောင်းသားများကတော့ စာတွေသေသေချာချာလုပ်နေကြသည်။ တချို့ကျောင်းသားများကတော့ ၇၅% မပြည့်သဖြင့် ကျောင်းအစားပြန်တက်နေကြရသည် ။ မိတ္တူဆိုင်တစ်ချို့တွင်လဲ ကျောင်းသားများက စုရုံးနေကြသေးသည်။
ဇေယျာ ခြေထောက်ကောင်းကောင်းမသက်သာသေး၍ ကျောင်းမသွားနိုင်သောနေ့များက စာများကို တေဇာမောင်က ပြန်လည်ရှင်းပြပေးသည်။ တေဇာမောင်သည် အရင်ကထက် ဇေယျာ့အပေါာ စိတ်ရှည်လာသည်ဟု ဇေယျာတစ်ယောက်ခံစားမိနေသည်။ နူးညံ့ညင်သာလာသည်။
"တေဇာ..."
"ဟင်"
"မင်းစာမေးပွဲပြီးရင် ငါ့အိမ်လိုက်လည်ပါလား"
"မင်းတို့မြို့မှာ ပွဲတော်ရှိလို့လား"
"အင်းရှိတယ်"
"Ok လေ"
"နေနွယ် တို့ကိုလဲ ခေါာကြည့်လိုက်ရမလား"
"မိန်းခလေးတွေကို နောက်နှစ်ကြမှခေါာကြတာပေ့ါ "
"ကောင်းပြီလေ"
စာရှင်းပြပြီး၍ အိပ်ယာဝင်ဖို့လုပ်နေရင်း တေဇာမောင့်ကို မိမိ၏ နေရပ်ဇာတိဖြစ်သော နယ်မြို့လေးဆီသို့ ဖိတ်ခေါာမိသည်။ ငြင်းလောက်မည်ဟု တွေးထားမိပြီးအရဲစွန့်ခေါာမိပြီးနောက် မငြင်းဘဲ လက်ခံလိုက်သောကြောင့် အတိုင်းအထက်လွန် ပျော်မိသည်။
"မင်း ....၊ ငါ့အိမ်လိုက်လည်မယ့်အကြောင်း မင်းအိမ်ကိုရော ၊နေနွယ့်ကိုပါ ပြောထားအုံးနော်"
"နွယ်ကရပါတယ်၊ ဟိုနေ့ကတင် ငါ့ကို စာမေးပွဲပြီး ဇေယျာတို့အိမ်လိုက်လည်လို့ရရင်ကောင်းမယ်ပြောနေသေးတယ်"
ကျွန်တော်ငြိမ်သက်မိသွားသည်။ ကျွန်တော်ကတွေးမိရုံတင်ရှိသေးသည်။ ကျွန်တော့်ထက်အရင် ဦးနှင့်သူက ဦးပြီးပြီ။
"အာ့ဆိုလဲ ၊ နေနွယ့်ကိုခေါာကြမယ်လေ"
"နွယ်က လိုက်လည်ချင်တယ်ဘဲအော်နေတာ၊ တကယ်ကသူမအားဘူး"
"သူ့ရဲ့ အဂ်လိပ်စာ UFL distance ကတက်ရအုံးမှာ၊ ပြီးတော့ နွယ်တစ်ယောက် ဒီရက်ပိုင်းဘာတွေကြိတ်လုပ်နေလဲမသိဘူး၊ မအားဘူးချည်းပြောနေတာ"
"နေနွယ်ကတော့ အမြဲ ကိုယ့်ကိုကိုယ်တိုးတက်ဖို့လမ်းကြောင်းရှာဖွေနေတော့တာဘဲနော်၊ တကယ်တော်တယ်"
"နွယ်က အာ့လိုကြိုးစားလေ ငါ့မှာ တခါတခါ သိမ်ငယ်လေဖြစ်ရတယ်"
ကော်ရစ်တာမှမီးရောင်အနည်းငယ်ရနေသည့် အခန်းငယ်လေးဟာ ခေတ္တ တိတ်ဆိတ်သွားခဲ့သည်။ မျက်နှာမမြင်ရသော်လည်း တစ်ဖက်ခြင်ထောင်ထဲတွင်ရှိနေမည့် လူသား၏မျက်နှာကိုမြင်ယောင်ကြည့်မိသည်။ သိပ်မကြာခင်မှာ ထိုလူသားလေးဟာ စကားပြန်စလာသည်။
"နွယ်က သိပ်တော်တယ်၊ ထက်မြတ်တယ်၊ ဘွဲ့မရသေးခင်မှာတောင် သူဟာ ဗဟုသုတကြွယ်ပြီး ပညာတတ်တဲ့အမျိုးသမီးဖြစ်တယ် ၊ ငါ့ကိုလာလာပြောကြတဲ့သတင်းတွေရှိတယ်၊ နွယ့်ကို ဆေးကျောင်း၊ ရေကျောင်း၊ အင်ဂျင်နီယာကျောင်း တွေကတောင်လာပိုးပန်းကြတယ်တဲ့၊ နွယ်က နမည်ကြီးကျောင်းသူတစ်ယောက်"
"မင်းလဲတော်တာဘဲ"
"အဟက်.....၊ အာ့လိုမျိုးရုပ်ရည်၊ ပညာ၊ ဥစ္စာ ပြည့်စုံတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ချစ်သူဖြစ်ရတဲ့ ငါက ဘယ်လောက်ကံကောင်းလိုက်သလဲ၊ မင်းကောဘယ်လိုထင်လဲ"
~ငါကဘယ်လိုထင်နိုင်မှာလဲ... အာ့လိုမိန်းကလေးမျိုးကို အပိုင်ရထားလို့ကံကောင်းမှုလို့ ဆိုနေတဲ့ မင်းကို ချစ်နေရတဲ့ငါက ပိုပြီးကံကောင်းတာပေါ့လို့ပြောရမလား~~~~~
"မင်းတို့နှစ်ယောက်ကလိုက်ဖက်ပါတယ်"
သက်ပြင်းတစ်ချက်ကိုတော့ အသံတိတ်ချလိုက်မိသည်။"ငါတော့ ငါ့ရဲ့အာ့ကံကောင်းမှုလေးကို လက်လွှတ်မိတော့မယ်ထင်တယ် ....ဇေ"
"ဟမ် ....မင်းဘာပြောလိုက်တာလဲ"
"ဘာမှမဟုတ်ဘူး အိပ်တော့ "
တစ်ကိုယ်ရည်စာ အသံထွက်ရုံလေး နောက်ဆုံးတေဇာမောင်ပြောလိုက်တဲ့ စကားကို ဇေယျာတစ်ယောက်စဉ်းစားရင်း အိပ်လိုက်တော့သည်။#အိုင်ရင်းအချိန်အတော်ကြာမှ ပြန်ပေါာလာမိလို့ စာဖတ်သူတွေကိုတောင်းပန်ပါတယ်။
နောက်တစ်ပိုင်းက supriseပါ
YOU ARE READING
Candy Crush
General Fiction"ငါအဆင်သင့်ဖြစ်တဲ့အခါ မင်းဆီလာခဲ့မယ်' #တေဇာမောင် "အစတည်းက ငါကအရှုံးသမားပါမောင်" #ဇေယျာဦး "ကို့ ကိုအရမ်းချစ်တဲ့သူ့ကိုပြန်ငဲ့ကြည့်ပါအုံး" #နေနွယ်