အခန်း(၁၃)

627 24 0
                                    

နွယ်တို့ဆီကနေ ထွက်‌လာတော့ စစချင်းတုန်းကလောက်လူကသိပ်မများတော့သော်လည်း မုန့်ဝယ်သည့်နေရာတွင်တော့စောင့်နေရဆဲပင်ဖြစ်သည်။

"မင်းနဲ့နွယ် ဘယ်တုန်းကဒီ့လောက်ထိရင်းနှီးသွားတာလဲ"

ဘေးချင်းကပ်ဖြစ်နေသော်လည်း လူများနေသည်မို့ သူကသေချာမကြားရသည့်ပုံနှင့် ကျွန်တော့်ရင်ဘက်ရှေ့သို့ ခေါင်းလေးငုံ့ကာတိုးလာသည်။ ‌

သူ့ဆံပင်တွေဆီကလား ခန္ဓာကိုယ်ဆီကလားမသိပေမယ့် ချယ်ရီအနံ့သင်းသင်းလေးရလိုက်သည်။

ခုနကမေးခွန်းကိုဘဲ သူ့နားကပ်ကာပြန်မေးတော့ သူက ကျွန်တော့်ကိုလက်ညှိုးလေးနဲ့ခေါင်းငုံ့ ဟုဆိုသည့်သဘောနှင့်လုပ်ပြသည်။ကျွန်တော်လဲ ခေါင်းလေးငဲ့ပေးတော့

" Lineမှာစကားပြောရင်းသိတာ"

ဟုဖြေကာ မုန့်ဝယ်ဖို့ရှေ့သို့တိုးသွားသော ဇေယျာဦးကို သေချာကြည့်ဖြစ်သည်။

ယောကျာ်းလေးတစ်ယောက်ဆီကရသည့်ချယ်ရီ ရနံ့ နှင့်မိန်းကလေးတစ်ယောက်ဆီက ရသည့်ချယ်ရီ ရနံ့ ဘယ်အရာက ကွဲပြားစေသလဲဆိုတာ တေဇာမောင်တစ်ယောက်စဉ်းစားလို့နေတော့သည်။

"ဘာတွေငိုင်နေတာလဲ၊ မုန့်တွေရပြီ ရုပ်ရီင်နောက်ကျတော့မယ်"

ဟု သူ့တံတောင်နှင့် ကျွန်တော့်ရင်ဘက်ကို တွန်းလိုက်တော့ စဉ်းစားခန်းဝင်နေရာမှ ထွက်လာခဲ့တော့သည်။
လူတွေအများကြီးကြားထဲကနေ မောင့်ရဲ့ရင်ခုန်သံ တိုးတိုးလေးကို ခိုးနားထောင်ရတာလဲ အရသာတစ်မျိုးဘဲ။

ရေမွှေးဆွတ်ထားလို့ရသည့်အနံ့မျိုးမဟူတ်ဘဲ မောင်သုံးနေကျ ရေချိုးဆပ်ပြာကရသည့်အနံ့က လူတွေကြားထဲမှာ ငါ့စိတ်ကိုနွေးထွေးစေတယ်။

မပီတပြင်အနမ်းမမည်သော ထိတွေ့မှုလေးတစ်ခုကိုလဲ ကာယကံရှင်ကတော့မသိပေမယ့် ကိုယ်ကိုကိုယ်တိုင်ကသိနေတော့လဲ ရင်ခုန်ရပြန်တယ်။

ငါတော့ လောဘတက်မိတော့မယ်ထင်တယ်မောင်။

တေဇာမောင်တို့ရောက်တော့ ရုပ်ရှင်ကစပြနေပြီမို့ ရုပ်ရှင်ရုံထဲသို့သာ တန်းဝင်လိုက်တော့သည်။ လက်မှတ်ဝယ်ထားသည်က အလယ်နားရောက်သည်မို့ ငါးယောက်လုံး ကုန်းကုန်းကွကွနှင့်သာ နေရာသို့သွားရတော့သည်။

မေမီသော်ကအရင်ဝင်လိုက်ကာ
နောက်မှ သီရိ ၊ သီရိနောက် နွယ်ထိုင်ကာ နွယ့်ရဲ့ဘေးတွင် တေဇာမောင်ဖြစ်သည်။ တေဇာမောင့်ရဲ့ဘေးတွင်တော့ ဇေယျာဦးထိုင်ဖြစ်သည်။
စဝင်တော့ ဇာတ်ကားကစနေသည်မို့ ဖုန်းတွေကိုsilentလုပ်ကာစကြည့်တော့သည်။
သီရိတို့ဘက်သို့ မုန့်ပေးပြီးနောက် တေဇာမောင်က နွယ်သောက်ဖို့ရန် ကိုလာဘူးဖောက်ပေးသည်။ နွယ်က တစ်ငုံသောက်ပြီးနောက်
ထိုဘူးကိုပင်တေဇာက ထပ်သောက်သည်။

"ကို့အတွက် တစ်ဘူးဝယ်လာ‌တယ်‌လေ"

လို့တိုးတိုးဆိုတော့

"နွယ့် ကိုလာဘူးကိုအရသာမြည်ပေးတာ"ဟုပြန်ဆိုလာသော တေဇာမောင်ကို

"ဘယ်ဘူးဘဲဖြစ်ဖြစ် အရသာအတူတူဘဲ"

လို့မျက်စောင်းထိုးကာပြောလာပြန်သောနွယ်အား

"နွယ့်နှုတ်ခမ်းနဲ့ထိထား‌လို့လားမသိ အရသာပိုကောင်းတယ်"

"အရှက်ကိုမရှိဘူး"

"နွယ့်မို့ပါ"

"ထားတော့ရုပ်ရှင်ကြည့်"

"ရုပ်ရှင်က အရေးကြီးလား ၊ကိုကအရေးကြီးလား"

စလာပြန်ပြီ။ ကလေးဆန်တာမျိုး၊ ရုပ်ရှင်ကြည့်ဖို့လာတာကို သူကအရေးကြီးလား ရုပ်ရှင်ကအရေးကြီးလားတဲ့၊ နွယ်လဲ တေဇာမောင်စိတ်ဆိုးမှာမှန်းသိသိနှင့်

"ရုပ်ရှင်ကအရေးကြီးတယ် ကို၊ရုပ်ရှင်ကြည့်ဖို့လာတာပဲဟာ"

ထင်သည့်အတိုင်းပင် စိတ်ဆိုးကာ ဇေယျာဦးနှင့်နေရာလဲလိုက်လေသည်။ ‌ဒီဘက်သို့ရောက်လာသောဇေယျာဦးက

"ဘာဖြစ်တာလဲ"
"စလိုက်တာ စိတိဆိုးသွားတယ်"
"ရပါ့မလား"
"ရတယ်ဇေယျာ၊ နောက်မှ နွယ်ချော့လိုက်ပါမယ်"

‌နွယ် ချစ်ရသူဘက် ကြည့်တော့ ရုပ်ရှင်ပိတ်ကားထက်သို့သာ ရှူတူတူကြည့်နေသည်မိူ့ ဘာမှမပြောတော့ဘဲ ဇာတ်လမ်းထဲသို့သာအာရုံစိုက်နေလိုက်သည်။

#Irena

Candy CrushWhere stories live. Discover now