အခန်း(၁၆)

652 23 0
                                    

နေနွယ့်ရဲ့လက်တွေကိုအုပ်မိုးလာသော လက်ချောင်းသွယ်သွယ်လေးတွေအားပြန်လည် အုပ်မိုးကာ

"နွယ့်ကို စိတ်ဆိုးပြေပြီလား"

ထိုအခါမှ ရုပ်ရှင်ရုံထဲက အကြောင်းကိုပြန်သတိရလာသည့်တေဇာမောင်က

"မပြေသေးဘူး"

ခုနကအုပ်မိုးထားသည့်လက်တွေကိုပြန်သိမ်းမည်အပြု ထိုလက်တွေကို ပြန်လည်တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။

" နွယ်တကယ်ပြောတာ ၊ ကံတရားဆိုတာအလှည့်အပြောင်းများတယ် ကို၊ နွယ့်ထက် ကို့အပေါာ ဂရုစိုက်ပေးနိုင်မယ်၊ ပျော်ရွှင်စေနိုင်မယ်လို့   ကို့ဘက်ကခံစားရတဲ့ သူတစ်ယောက်ယောက်ကို တွေ့လာခဲ့ရင် နွယ့်ကိုပွင့်ပံင့်လင်းလင်းပြောပါ နွယ်ကြည်ကြည်ဖြူဖြူလက်ခံပေးပြီး နောက်ဆုတ်ပေးမယ်"

ထိုသို့ပြောလာသော နွယ့်အား တေဇာမောင်တစ်ချက်ကြည့်မိသည်။ ခုနကစိတ်ဆိုးနေသည်မို့ သတိမထားမိပေမယ့် အခုနွယ့်ရဲ့မျက်လုံးတွေကို ကြည့်မိမှ ခံစားမိသည်။ နွယ်ဘာတွေကိုစိုးရိမ်နေသလဲ။ ကို့ကို ယုံကြည်တယ်လို့ပြောထားသည့်နွယ်ရဲ့မျက်ဝန်းတွေက စိတ်မချသည့် မျက်ဝန်းမျိုးတွေဖြစ်နေသည်။ ထို့နောက် တင်းကျပ်စွာဆုပ်ကိုင်ထားသည့် လက်ချောင်းသေးသေးလေးတွေကို အသာယူလို့ နှုတ်ခမ်းတို့နှင့်ထိတွေ့စေသည်။

" အာ့လိုမျိုးဖြစ်လာမှာမဟုတ်လို့ နွယ်စိတ်မပူပါနဲ့၊ နွယ်လဲ ကို့ကို  တ ခြားတစ်ယောက်ဆီမပို့နဲ့ ၊နွယ့်မှာရှိတဲ့ အားတွေနဲ့ ကို့ကိုဆွဲထားပေးပါ"

တဖန်ပြန်လည်ပြီး နွယ့်လက်ဖမိုးကို နမ်းလိုက်သည်။

"ချစ်တယ် ကို"
"ကိုလဲ ချစ်တယ်"

အပြန်အလှန်ပြုံးကြည့်နေရင်းပင်

"ကဲကဲနဲ့သဲသဲတို့ရေ  publicကြီးမှာနော်"

ဟူသော မေမီသော်ရဲ့ အသံဆာဆာကြောင့် နွယ်တို့လက်တွေ‌ဖြေလျော့လိုက်ကြသည်။ သို့သော်မျက်နှာပေါာရှိ အပြုံးတို့က မပျက်ပေ။ နေနွယ့်အတွက် သစ်သျှူး နှင့်အချဉ်ရည်တို့ကို ဂရုတစိုက်နှင့်တေဇာမောင်လုပ်ပေးမိသည်။ ချစ်သူသက်တမ်း တစ်နှစ်ကျော် လာပြီးသည့်နောက် ငယ်ငယ်ထဲက သံယောဇဉ်တွေရယ်ကြောင့်ပင် တေဇာမောင်မှာနွယ့်ကို ပိုပင်တန်ဖိုးထားရသည်။ ကိုယ့်ကိုနားလည်ပေးပြီး ယုံကြည်ပေးတဲ့ ကိုယ့်ရဲ့နေ့ရက်တိုင်းမှာ ရှိနေပေးခဲ့တဲ့ သူငယ်ချင်းမလေး အခုဆို ချစ်ရသူ ဒီ့ထက်ပို ပျော်ရွှင်ရဖို့ဆို ကျောင်းမြန် မြန်ပြီးပြီတော့ အလုပ်ရချင်ပြီ။ နွယ်နှင့် နှစ်ကိုယ်တူ မနက်ခင်းတိုင်းကိုကော ညအိပ်ရာဝင်ချိန်တွေထိပါ ရှိချင်လှပြီဖြစ်သည်။

အချစ်တွေနဲ့ပြည့်နေတဲ့ မြင်ကွင်းရယ်၊ တမြတ်တနိုးနမ်းရှိုက်လိုက်တဲ့အနမ်းတွေရယ် ၊ ကြားလေသွေး‌လို့မဝေးနိုင်မယ့် အကြည့်တွေရယ်အ ကြောင်းကို တနေရာက နေ ကြည့်ကာနားလည်လိုက်တဲ့ကောင်လေးတစ်ယောက်သည် toiletထဲသို့တဖန်ပြန်ဝင်သွားရသည်။

"ငါ့ရဲ့မျက်ရည်တွေ၊ ငါ့ရဲ့နာကျင်မှုတွေဟာ
တေဇာမောင်ဆိုတဲ့ နှလုံးသားကို အပိုင်ရထားတဲ့ နေနွယ်ဆိုတဲ့အမျိုးသမီးကြောင့်ဖြစ်တည်လာရတယ်၊ ငါတို့ဘာလို့စောစောမသိခဲ့ရတာလဲ၊ ဘာလို့ ငါကကောယောကျာ်းတစ်ယောက်အဖြစ်မွေးဖွားလာရတာလဲ၊
နေနွယ် မင်းရဲ့ သည်းခံနိုင်စွမ်းတွေ ဘယ်လောက်ထိ မြင့်မားမလဲဆိုတာငါသိချင်သေးတယ်"

#Irena

*ဇေယျာ့ကိုမမုန်းကြပါနဲ့နော် *

Candy CrushWhere stories live. Discover now