"တေဇာမောင်ရေ ပြီးပြီလား"
ဟူသော အခန်းရှေ့ကဇေယျာဦးတစ်ယောက်၏ နှိုးဆော်သံကို ကြားတော့ တေဇာမောင်တစ်ယောက်လက်ကနာရီကိုကြည့်မိသည်။
"၈နာရီတောင်ခွဲနေပါလား...နွယ်ကအချိန်တိကျမှကြိုက်တာ"
ဟုရေရွတ်ကာ နောက်ဆုံးအနေနဲ့မှန်ကိုတစ်ချက်ကြည့်ကာထွက်လာလိုက်သည်။
"သားနားလှချည်လားကွ"
ဟုဆိုကာကျွန်တော့်ပခုံးကိုလာကိုင်သောဇေယျာဦးကို
"ဒါပေါ့ကွာ၊ အချစ်ရဲ့စွမ်းအားပေါ့"
ပြုံးကာပြန်ဖြေမိသည်။ဒါသည်ကိုပင်ကြောင်ငေးနေသောဇေယျာဦးအား
"ဟျောင့်လာသွားမယ်၊နောက်ကျတော့မယ်ကွ"
သူ့ပခုံးကိုပုတ်ကာသတိပေးလိုက်တော့မှ သွားမယ်ဟုဆိုကာ ဘတ်စ်ကားဂိတ်သို့ထွက်လာခဲ့လိုက်သည်။
မောင့်ရဲ့အပြုံးတွေဟာ နေနွယ်ဆိုတဲ့မိန်းခလေးနမည်နဲ့တင်ချိုမြိန်စေသတဲ့လား။
တေဇာမောင်တို့ဘတ်စ်ကားဂိတ်သို့အရောက်သိပ်မကြာလိုက် မိုးပြာရောင်မိန်းမဝတ်ရှပ်လက်ရှည်ကိုတံတောင်ဆစ်နားထိခေါက်တင်ကာ ဒူးအထက်ဘောင်းဘီနို့နှစ်ရောင်ကို ပိုနီတေးပုံစံဆံပင်စည်းထားသော အပြုံးတွေဝေဝေဆာဆာနှင့် လျှောက်လှမ်းလာသောထိုအမျိုးသမီးငယ်သည် နေနွယ်မှန်းသိသာစေသည်။ အဘယ်ကြောင့်ဆိုသော် တေဇာမောင်ဝတ်ဆင်ထားသော အဝတ်အစားနှင့် ပုံစံတူပင်ဖြစ်သည်။
ဓာတ်ပုံတွေထဲနှင့်မတူစွာ နေနွယ်က အပြင်တွင် ပိုချစ်စရာကောင်းသည်။ လှသည်၊ချောသည်မဟုတ်ဘဲ သာမန် အနေအထားရိုးရိုးရှင်းရှင်းနှင့်ကိုပင် လူတစ်ယောက်ကိုဆွဲဆောင်နိုင်သော မျက်နှာပုံစံပင်ဖြစ်သည်။
အကြောင်းမှာ သူမ၏နှုတ်ခမ်းများကြောင့်ပင်ဖြစ်သည်။ ပြုံးသည့်အခါ နှုတ်ခမ်းထောင့်စွန်းနားတွင် ချိုင့်ခွက်လေးများပေါာနေသည်။ တည်နေလျှင်ထိုချိုင့်ခွက်လေးများပျောက်ကာ ပြုံးနေသယောင်ဖြစ်နေသည်။"ကို တို့ရောက်နေတာကြာပြီလား"
ဟူသည့်စကားအပြောတွင် တေဇာမောင်ပင်မဆိုထားနှင့် ဇေယျာဦးနှင့်မေမီသော်ပင် ရင်ထဲတည်ငြိမ်အေးချမ်းရသည်။
YOU ARE READING
Candy Crush
General Fiction"ငါအဆင်သင့်ဖြစ်တဲ့အခါ မင်းဆီလာခဲ့မယ်' #တေဇာမောင် "အစတည်းက ငါကအရှုံးသမားပါမောင်" #ဇေယျာဦး "ကို့ ကိုအရမ်းချစ်တဲ့သူ့ကိုပြန်ငဲ့ကြည့်ပါအုံး" #နေနွယ်