Chapter 3

537 69 10
                                        

_Unicode_

အခန်း(၃)

သူကငါ့လူ
 


ပြန်လည်မွေးဖွားခြင်း တဲ့လား။

ဘာအတွက်များလဲ။

ဟွမ်သခင်လေး၏ ဘဝ၌ နောင်တတရား ဟူ၍ မရှိခဲ့ပေ။ တကယ်ပဲ ဘာ အတွက် ဆက်ရှင်သန် နေရသေးသနည်း။

ကံတရား၏ သောက်ကျိုးနည်း ဟန်ချက်ထိန်းခြင်းသည် ယွီယွမ့်အား ဘဝ တွင် ကံကောင်းစွာ နေထိုင်ခဲ့စေပြီး စောစီးစွာ သေဆုံးစေခြင်း အပြင် နောက်ထပ် တစ်ဖန် ရှင်သန်စေ၍ ကံဆိုးမှုတို့နှင့် ကြုံဆုံစေခြင်း ဖြစ်မည်လော။

ယွီယွမ် နားမလည်နိုင်ချေ။ သူ့ကို ရှင်းပြမည့်သူလည်း ရှိမနေပါချေ။

လမ်းဘေး ဆိုင်လေး၏ အမိုးရိပ်အောက် မိုးရှောင်ပြီးသည့် နောက်တွင် ယွီယွမ်သည် ဆန္ဒမရှိသော ဗလာစိတ်ဖြင့် လမ်းတွေထဲ ပတ်သွားနေမိသည်။ ယခု သူသည် သူတောင်းစားတစ်ယောက်သာ ဖြစ်သည်။

အဘယ်ကြောင့်များ ဒီသခင်လေးက သူတောင်းစားတစ်ယောက်လို ပြုမူ နေထိုင်နိုင်ခြင်းမရှိရမည်နည်း။သေခြင်းတရားကို ကျော်လွန်ပြီးသည့်နောက် ယွီယွမ် သူ၏ဆင်ခြင်တုံတရားများကို ဘဝအသစ်၌ ကောင်းမွန်စွာ နေထိုင်နိုင်ရေး အတွက် အသုံးမချတတ်ပါတော့ချေ။

လေယာဉ် မြေပြင်သို့ ထိုးစိုက် ကျသွားချိန်၌ ဟွမ်သခင်လေးသည် အရာ အားလုံး အပေါ် လက်လျှော့ပြီးသားဖြစ်နှင့်ပြီ။ သူ၏အနားယူမှု..... အက လောကမှ နှုတ်ထွက်ခြင်း အတွက် ကြိုတင် သတင်းလွှင့်ထားပြီးသား ဖြစ်၏။သူသည် အသက် သုံးဆယ်ပင် မပြည့်သေးသော်ငြား နောင်လာ နောင်သားများအတွက် ဘေးဖယ်ပေး လိုစိတ် အပြည့် ရှိနေခဲ့ပါ၏။

ဆုများထားရှိရာ အခန်းသည်လည်း နောက်ဆုံး၌ စတိုခန်း တစ်ခန်းသာ ဖြစ်သွားလိမ့်မည်။ ငွေကြေးနှင့်ဂုဏ်ဓနသည် ယွီယွမ့်ဘဝတွင် ရိုးအီသွားသည်အထိ ရရှိခဲ့သောအရာများဖြစ်သည်။ကျောက်ဝမ်ယွီက ပကာသနများအပေါ်မက်မောခြင်း မပြုရန်နှင့်စိတ်ခံစားချက်သည်သာ အရေးကြီးကြောင်း သင်ကြားပေးခဲ့ သည်။ ၎င်း စိတ်ခံစားချက်သည် ခြေလက်များကိုလွတ်လပ်စွာလှုပ်ရှားနေချိန်အတွင်း တီးလုံး သံစဥ်၏စည်းချက်တို့နှင့်ထပ်တူညီစွာ မျောလွင့်နေချိန်တို့တွင် မြင့်မားတက်ကြွလာ လေ့ရှိသည်။

Eleventh Lord Where stories live. Discover now