_Unicode_
အချပ်ပို (၃) : ဘဝသစ်
" ယွမ်လဲ့ကျွင်း! ယွမ်လဲ့ကျွင်း! "
၇နှစ်အရွယ် ကလေးလေးတစ်ဦးက ယွီယွမ့်အား တကြော်ကြော် ခေါ်လျက် ပြေးလာ၏။
" ယွမ်လဲ့ကျွင်း....ဦးရီးတော်က သားကို အနိုင်ကျင့်တယ် "
ရှူတည်တည်မျက်နှာထားကို ချိတ်ဆွဲထားသော ယွီကျို့ကမူ ပုံမှန်ခြေလှမ်းအရှိန်ဖြင့် လျှောက်လှမ်းလာနေသည်။
" အရှင် ၁၁ က အိမ်ရှေ့စံကို ဘယ်လိုအနိုင်ကျင့်တာလဲ? ပြောပြပါဦး... "
ကလေးငယ်၏အရပ်နှင့်ညီစေရန် ဒူးကွေးချကာ မျက်နှာချင်းဆိုင်လိုက်ပြီး ချိုမြိန်သောအသံကိုသုံး၍ ချော့မြူလိုက်သည်။ ထိုသို့ ပြုမူသည်ကို မြင်သော ယွီကျို့က မျက်စောင်းထိုးသည်။
" အသီးတုတ်ထိုး "
အိမ်ရှေ့စံ၏ ဆူတူတူ နှုတ်ခမ်းသေးသေးလေးများကြားမှ လေသံသာသာ အသံလေးထွက်လာ၏။ ယွီကျို့၏ပုံရိပ်ကိုမြင်သော် ဆက်မပြောရဲတော့သည့်ဟန်ဖြင့်။
ယွီယွမ် ယွီကျို့ထံ သဘောပေါက်ကြောင်း ခေါင်းငြိမ့်ပြလျက် အိမ်ရှေ့စံကို ချီမလိုက်သည်။
" ငယ်သွား လဲတဲ့အချိန်မှာ အချိုတွေ တရားလွန် မစားရဘူးဆိုတာ အိမ်ရှေ့စံ သိတယ်ဟုတ်? အရှင် ၁၁ က အိမ်ရှေ့စံရဲ့အနာဂတ်သွားလေးတွေကို ကာကွယ်ပေးနေတာပါကွယ်...အနိုင်ကျင့်တာ မဟုတ်ရပါဘူး "
" ဒါပေမဲ့... "
" ဒါပေမမဲ့နဲ့တော့...သိုင်းသင်ဖို့ဆရာက စောင့်နေပြီ။ ယွမ်လဲ့ကျွင်းအပေါ်က အခုဆင်း "
ယွီယွမ် အိမ်ရှေ့စံကိုချီထားလျက် ပတ်ပြေးနေပြီး ယွီကျို့အား ဖမ်းမိခွင့်မပေး။
မကြာမီ အိမ်ရှေ့စံထံမှ တခစ်ခစ် ရယ်သံလေးများထွက်လာတော့၏။
" ယွမ်လဲ့ကျွင်းက အကောင်းဆုံး ! "
ယွီယွမ် အသက်၂၉နှစ်အရွယ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ရာ ယခင်ဘဝ ရှင်သန်မှုနှင့်ကွဲပြားလေသည့် အဓိပ္ပာယ်ပြည့်စုံသော ဘဝတစ်ခုကို ပိုင်ဆိုင်ထားရပေသည်။
YOU ARE READING
Eleventh Lord