_Unicode_အခန်း(၆)
လျှာသွက်လွန်းတယ်
ယွီယွမ် ဂွမ်းစောင် နှစ်ထပ် အောက်တွင် နိုးလာခဲ့သည်။ မှတ်ဉာဏ်များကမူ ရှုပ်ထွေး လျက်သား။
သူ၏ ကိုယ်ပိုင် မှတ်ဉာဏ်များနှင့် ယန်ယွီယွမ် အန်းရှောင်းလဲ့၏ မှတ်ဉာဏ် များက ရောထွေးလျက် ရှိကာ ပြင်းထန်စွာ ခေါင်းထိုးကိုက်လာ ချေ၏။
သူ၏ခန္ဓာကိုယ်သည် ပက်တီးအထပ်ထပ်ဖြင့် တောင့်တင်းနေ၍ ထထိုင်ဖို့ ပင် အနိုင်နိုင်။ထိုပက်တီးများ၏တရားခံဖြစ်သော ရှေးခေတ်လူအားကျိန်ဆဲပစ်လိုက် ပြီး လက်ဖျားတွင် စည်းနှောင်ထားသည့် ပိတ်ကျဲစကို ကိုက်ဖြတ်လိုက်သည်။
ယွီကျို့က ဆန်ပြုတ်ပန်းကန်ကို သယ်လျက် ရောက်ရှိလာသည်။
အစေခံများကို ခိုင်းရန် ဆန္ဒမရှိရခြင်းမှာ ထိုသူ၏သွင်ပြင်ကို ထုတ်ဖော်ရန် အချိန်စောသေးသောကြောင့် ဖြစ်သည်။
အရှေ့မြောက်ဒေသရှိ လူနည်းစု တိုင်းရင်းသား မျိုးဆက်တို့ထံမှ ဆင်းသက် လာခဲ့သော မျိုးနွယ်စုများက လွင်ပြင်နှင့်နှင်းတောင်တန်းများတွင် ပြန့်ကြဲနေထိုင် လျက် ရှိကြသည်။ ဝီဂါ-ဟန် သွေးနှောများနှင့် မန်ချူး-ဟန် သွေးနှောများသည်ကား မျိုးနွယ်စု တစ်စုစီ အတွင်းရှိ စည်းလုံးခြင်းကို မပျက်ပြားစေနိုင်ပေ။ ထိုသို့ သွေးနှော များ ရှိနေခြင်းကပင် အပြင်ပိုင်းရုပ်သွင်နှင့် သာလွန်သော သန်မာ ကြံ့ခိုင်ခြင်းတို့ကို တမူထူးကဲ သွားစေသည်။
ယွီကျို့၏ မိခင်အရင်း ဖြစ်သော ရုံယွီသည် အဆင့်(၄) မောင်းမ တစ်ဦးသာ ဖြစ်သည်။ ရုံယွီသည် အနောက်နန်းဆောင်၏ ပုပ်ပွနေသော ဖြတ်ခုတ် ရိုက်ထုတ်မှု များ ကြားတွင် ကိုယ်ဝန်မလွယ်နိုင်စေမည့် ဆေးအား တိုက်ကျွေးခြင်း ခံခဲ့ရသည်။
ဖြေဆေးကြောင့် ဆေး၏ သက်ရောက်မှုမှာ လျော့ပါးသွားခဲ့ပါသော်ငြား ခန္ဓာကိုယ်ကတော့ ချူချာသွားသည်။ ထိုစဥ်တွင် ယွီကျို့အား ကိုယ်ဝန်လွယ်ထား လျက်သား ဖြစ်သည်။ သို့ဖြစ်၍ ယွီကျို့သည် ခက်ခဲစွာဖြင့် လူ့လောကထဲ ရောက်ရှိ လာခဲ့သူပင်။ မိခင်အရင်းက မီးဖွားပြီးသည်နှင့် ဆုံးပါးသွားခဲ့ကာ နန်းတော်တွင်း၌ သူ့အား ကြည့်ရှု စောင့်ရှောက်ပေးမည့်သူ ရှိမနေပါချေ။
မင်းသားငယ်များကို သီးသန့် ပျိုးထောင်ချိန် ရောက်သည်အထိ ယွီကျို့တွင် အမေခေါ်စရာ လူမရှိခဲ့ပေ။
![](https://img.wattpad.com/cover/281631664-288-k831136.jpg)
YOU ARE READING
Eleventh Lord