Chapter 14

304 45 9
                                        

_Unicode_

အခန်း (၁၄)

ဒီခန္ဓာကိုယ် ၊ ဒီလောက ၊ ပြီးတော့ ဒီလူ


" အရှင် ၁၁ နဲ့ ကြင်ယာတော်ရှန်ကို နှုတ်ခွန်းဆက်သပါတယ် "

" ကြင်ယာတော်ရှန်က အရောင်နုတဲ့ ပိုးထည်လိပ်တွေကို သဘောကျတယ်ဆိုလို့ ကျွန်တော်မျိုး..."

" အရှင် ၁၁ ရှိနေတာဟာ သချင်အတွက် ကောင်းချီးတစ်ခုပါပဲ "

ယွီယွမ် ခပ်လှမ်းလှမ်းမှနေ၍ လူတို့၏ ကပ်ဖားရပ်ဖားလုပ်မှုများကို ကြားသိနေရသည်။ သူ၏လက်ထဲတွင် လေးတစ်လက်နှင့် ကျောတွင် မြှားကျည်တောက်ဘူးကို လွယ်ထား၏။ အန်းရှောင်းလဲ့၏စွမ်းရည်များကို ဆက်ခံထားပြီးဖြစ်သော ယွီယွမ့်အဖို့ အထိအတွေ့များက ရင်းနှီးကာ ပစ်ကွင်းက ရှင်းလင်းနေပေသည်။

သို့သော်ငြား မင်းသားများ၏ အပျော်တမ်းစွမ်းရည်ပြိုင်သော အမဲလိုက်ပွဲတွင်ပါဝင်ရန် ဆန္ဒမရှိပေ။ သူသည် ဒီအတိုင်း ကစားနေခြင်းသာ။

သားရဲတိရစ္ဆာန်တို့၏ ဟိန်းသံများက မကြာမကြာ ထွက်ပေါ်လာသည်။ ရဲမက်များ၏ညာသံပေးသံတို့က တောအုပ်၏တိတ်ဆိတ်နေမှုကို ဖြိုခွဲလိုက်ချေ၏။

" သခင်လေးယန် "

ရစ်ငှက်ဆီ ချိန်ရွယ်နေသော ယွီယွမ့်အား အနောက်မှ လှမ်းခေါ်လိုက်သံက အာရုံကို ပျက်ပြားသွားစေသည်။ ရစ်ငှက်သည် အသက်ဘေးမှ လွတ်မြောက်သွား၏။ယွီယွမ်ပစ်လိုက်ရန် ဆန္ဒမရှိသော်ငြား အန်းရှောင်းလဲ့၏မှတ်ဉာဏ်များထဲရှိပစ်ခတ်ခြင်းနည်းလမ်းများကို စမ်းသပ်ကြည့်ချင်သွားခဲ့သည်။ ယခုမူ အချည်းနှီး ဖြစ်သွားချေပြီ။

ယွီယွမ် သူ့အား ခေါ်လိုက်သူကို လှည့်ကြည့်လိုက်သည်။

" မင်းသား ၁၆ ကို ကယ်တင်ပေးခဲ့တဲ့ သခင်လေးဟုတ်တယ်မလား "

ယွီယွမ်လှန်တင်ထားသော ပဝါစကို လျှောကျစေကာ မျက်နှာကို ဖုံးအုပ်လိုက်သည်။ နန်းတော်တွင် နေထိုင်သူတို့နှင့် အဆက်အဆံလုပ်ပါက သူ့ထံကောင်းသောကိစ္စများ ဖြစ်လာနိုင်မည် မဟုတ်ပေ။

Eleventh Lord Where stories live. Discover now