_Unicode_
အခန်း(၉)
ဆက်လက်ရှင်သန်ရမည့် ရည်ရွယ်ချက်
ဆောင်းဦးကာလသို့ ရောက်ရှိ လာချေပြီ။
အခြားသော ရာသီတို့ထက် ပွဲတော် ကျင်းပရန် ပို၍ သင့်တော် သဖြင့် ဆောင်းဦးနှင့် ဆောင်းတွင်းတွင် နန်းတော် ဂိတ်တံခါးကို ဖြတ်ဝင် လိုက်သည်နှင့် အမျိုးမျိုး အဖုံဖုံ အလုပ်များ နေသည့် အမှုထမ်းများကို တွေ့နိုင် ပေသည်။
ဧကရာဇ်၏ ကျန်းမာရေး အရ ဆောင်းဦး အမဲလိုက်ပွဲ မတိုင်မှီ ရေပူစမ်း ပွဲတော်ကို ပြုလုပ်လာသည်မှာ ရာသီ သုံးနှစ် တိုင်ခဲ့လေပြီ။
ဆောင်းရာသီသို့ ရောက်လာလျှင် အန်းနကွေ့ဖေး၏ မွေးနေ့ရက်မြတ်၌ ခြိမ့်ခြိမ့်သဲ ပွဲတော်တစ်ခုကို ကျင်းပရန် ရှိပြီး သချင်နှင့် မဟာမိတ် ဖြစ်သော အရှေ့ မြောက် ဒေသနှင့် နှင်းတောင်တန်းရှိ မျိုးနွယ်စုများမှ လက်ဆောင် ပဏ္ဏာ တို့ဖြင့် ကိုယ်စားပြု လူတစ်ချို့ကို စေလွှတ် ပေလိမ့်မည်။
ရေပူစမ်း ပွဲတော်သည် ဧကရာဇ်၏ လုံခြုံရေးကို အထူး ဦးစားပေး၍ ကျင်းပ ရသောကြောင့် မိဖုရားကြီးနှင့် အန်းနကွေ့ဖေး အပြင် အခြားသော မောင်းမများ လိုက်ခွင့်မရှိပေ။ ထို့အတူ မင်းညီ မင်းသားများ ထဲ၌ လည်း အိမ်ရှေ့စံနှင့် အရှင်၁၁ကိုသာ ဧကရာဇ်ကို အနီးကပ် စောင့်ရှောက်ရန်အတွက် ခွင့်ပြု ပေးထားသည်။ သို့ဖြစ်၍ ထိုပွဲတော်သို့ ယွီယွမ်ကို ခေါ်သွားရန် မဖြစ်နိုင်ပေ။ အန်းနကွေ့ဖေးနှင့် တွေ့ဆုံစေရန် အချိန်တစ်ခုကို စောင့်ရဦးမည်သာ။
ဝံ့ကြွားသန်မာသော သိမ်းငှက်သည် ခိုနားရန်အဆင်သင့် ထုတ်ပေး ထားသည့် အရှင်၁၁၏ ဘယ်ဘက်လက်ဖျံထက် သက်ဆင်း၏။
ထိုသိမ်းငှက်၏ ညာခြေ ထက်တွင် ပေါ့ပါးသော စာတစ်လိပ် ပါလာသည်။
အေးစက်သော ရေမှုန်ငယ်များ ပါသည့် ဆောင်းလေကြမ်းက အရှေ့ မြောက် ဒေသသို့ ပြန်လည် ခရီးဆန့်မည့် အသံစူးရှသူကို တားဆီးနိုင်သည် အထိ မစွမ်းလှ။နွေသို့မကူးခင် ဧည့်သည် တစ်ယောက် ဧကန်မုချ ပြန်ရချေလိမ့်မည်။
YOU ARE READING
Eleventh Lord