Chapter 13

296 40 11
                                    

_Unicode_

အခန်း (၁၃)

အိပ်တော့..ကလေးလေး

ယွီယွမ့်မျက်ကွယ်သို့ရောက်သည်နှင့် ယွီကျို့မျက်နှာမှာပြန်တည်သွား၏။သူ့အနောက်ရှိလူကတော့ ကျောပြင်ကိုသာမြင်ရ၍တလွဲကောက်ချက်ချနေတော့မှာပင်။

/ ငါပြန်ရမယ် /

ယွီယွမ့်လေသံမှာ အလုပ်သဘောဆန်လွန်းပေ၏။ခံစားချက်နှင့်ဆန္ဒများအလျဉ်းမပါ။ဗလာဆန်လွန်းသည်။

/ အင်း..မင်းပြန်ရမယ် /

ယွီကျို့က တူညီသောသဘောတရားဖြင့်တုံ့ပြန်ခဲ့ပါသော်ငြား သူ၏စိတ်ထဲရှုံးနိမ့်မှုကိုသာကိုင်ဆုပ်မိချေ၏။

ယွီယွမ်က သူ့ထက် အဆတစ်ရာ ပိုအေးစက်ကာ သံယောဇဉ်မဲ့လွန်းသည်ပင်။မုသားမပါသော အကန်စကားလုံးများထဲမှ ချိုမြိန်မှုကို ရရှိနိုင်မည်မဟုတ်ကြောင်း သူနားလည်သော်လည်း ဤသည်က လက်ခံရန် ပိုလွယ်ကူပေ၏။ပျားရည်ဆမ်းထားသော နူးညံ့ကျိုးပဲ့လွယ်သည့် မျှော်လင့်ချက်များကို မလိုချင်ပါ။ ကြမ်းရှခက်ခဲသည့်ကြားက စိတ်နှလုံးထံမှ ဂရုစိုက်မှုကို ပြင်းပြင်းထန်ထန်ရှာဖွေရန် အခါခါကြိုးစားမိသည်သာ။

အရှင် ၁၁ သည်ကား လှည့်ဖျားခြင်းကို အဆုံးထိ ငြင်းပယ်ရန် ဆုံးဖြတ်ထားပေသည်။ အရေးမပါသော မျှော်လင့်ချက်များသည် အချိန်တန်သည့်အခါ သံမဏိဓားတစ်လက်အဖြစ် ပြောင်းသွားကာ စိတ်ခံစားချက်တို့ကို အပိုင်းပိုင်းဖြစ်သွားစေရန် ပြုလုပ်ပစ်လိမ့်မည်။ လက်တွေ့နှင့်ရှင်သန်မှုကို တစ်ထပ်တည်းကျနေစေသရွေ့ သူကိုယ်တိုင်၏ လုပ်ရပ်အားဖြင့် ရှုံးနိမ့်စေမည်မဟုတ်ချေ။

သူသည် သချင်၏ အရှင် ၁၁ ဖြစ်သည်။ ဧကရာဇ်အဖို့ ကြီးစွာသော အထောက်အပံ့လက်တစ်ဖက်ဖြစ်လာပြီးသည့်နောက် သူ့အားဆန့်ကျင်လာမည့်အရာအားလုံးကို ဟန့်တားနိုင်သည့် အာဏာရရှိခဲ့သည်။ ထိုစဉ်က သူ့အသက် ၁၆ ပင်မယွန်းသေးပေ။

ယခုကဲ့သို့ ကျယ်ပြန့်မြင့်မားသည့် ကျောပြင်အရိပ်မျိုး မရှိစဉ်ကတည်းက အရှင် ၁၁ သည်သန်မာခဲ့ပေ၏။ မေတ္တာတရားနှင့်စိတ်ခံစားချက် အပြောင်းအလဲများသည် သူအထက်သို့ တစ်ဆင့်ချင်းလှမ်းတက်နေခဲ့သည့် ၎င်းအချိန်အပိုင်းအခြားရပ်များတွင် အရေးမပါခဲ့ပါပေ။

Eleventh Lord Where stories live. Discover now