Chapter 12

297 43 10
                                        

_Unicode_

အခန်း(၁၂)

ငါပြန်ရမယ်


“ ပြေးချင်သေးလား? ”

ယွီကျို့က ယွီယွမ့်‌ မေးဖျားကို ညှစ်၍ မျက်နှာကို ပင့်ယူကာ ပြော၏။

‘ ငါ့ကံကိုက မကောင်းတာပါ..’

ယွီယွမ် စိတ်ထဲတွင် ရေရွတ်မိသည်။

ဝါးခမောက်ကို ချွတ်ပေးကာ ဘေးသို့ ချထားလိုက်ပြီးနောက် ယွီကျို့က ယွီယွမ့် မေးဖျားဆီ တစ်ဖန် လက်ပြန်လှမ်းသည်။

“ ခရီးတစ်ဝက်က ကြာဦးမှာ ကိုယ်တို့ စိတ်ဝင်စားစရာ တစ်ခုလောက် လုပ်ကြည့်ကြမလား ”

“ ကျားကွက်ကစားဖို့ ဖိတ်ခေါ်နေတာမလား? ”

ယွီကျို့က စိုက်ကြည့်လာ၏။

“ ကျားကွက် ကစားဖို့မလား? ”

ယွီယွမ် ထပ်မံ၍ မေးလိုက်သည်။ ယွီကျို့မျက်ဝန်းများက ကွေးညွှတ် သွားကာ.....

“ ဘယ်လိုလုပ်မလဲ ကျားကွက်ခုံ ထည့်မလာမိဘူး။ တစ်ခြားဟာ ပြောင်းပြီး ကစားကြမယ်လေ ”

ယွီယွမ်က နှာမှုတ်ကာ အရည်မရအဖတ်မရ စကားများ ပြောခြင်းကို ရပ်တန့်လိုက်သည်။

ယွီကျို့က ရယ်မောလာပါ၏။

“ မင်းခံစားချက်ကို လှုပ်ရှားအောင် လုပ်ဖို့ တော်တော်ခက်တာပဲ ”

လူသိန်းပေါင်းများစွာ ၊ မျက်လုံးပေါင်း သန်းချီတို့၏ အကြည့်အောက် တွင် အမြဲ စောင့်ကြည့်ခံ၍ ရှင်သန်လာသူ ဖြစ်သည့်အလျောက် ယွီယွမ့်ထံတွင် တော်ရုံ စိတ်လှုပ်ရှားမှုမျိုး မဖြစ်တည်ပါတော့ချေ။

“ ဒါပေမယ့် ကိုယ်က လွယ်လွယ်နဲ့ လက်မလျှော့တတ်ဘူး ”

မျက်နှာအရေထူသော ယွီနှစ်ယွီ တွေ့ကြပြီ ဖြစ်သည်။

ယွီကျို့က ဟန်လုပ်ရယ်ကာ အခြေအနေကို ထိန်းသိမ်းလိုက်သည်။ ယွီယွမ် ကတော့ တစ်ဖက်လူနှင့် လိုက်ရယ်ပေးရန် မစဉ်းစားမိပါပေ။

“ ကျွန်တော်က အရှင် ၁၁ အတွက် ပျင်းရင် ဆော့ဖို့ လောက်ပဲ‌လေ ဟုတ်တယ် မဟုတ်လား? ”

Eleventh Lord Where stories live. Discover now