_Unicode_
အခန်း(၇)
အရှင်သခင်၏အချစ်တော်လေး
အန်းနကွေ့ဖေး အပိုင်စား ရထားသော တော်ဝင် ဥယျာဉ်တော် အတွင်း၌ ပန်းရနံ့တို့ ယှက်သန်းနေကာ အတောင် အရောင်စုံသည့် လိပ်ပြာငယ်များနှင့် ပြည့် နှက်လျက်။
“ နှင်းတောင်တန်း မှာဆို လိပ်ပြာ တွေကို တွေ့ရဖို့ အတော် ခက်သား။ တော်ဝင် ဥယျာဉ်ဆီ ပထမဆုံး ရောက်ခဲ့ချိန်ကျမှ ဒီလှပတဲ့ သက်ရှိတွေ ရှိတာကို သိခဲ့ရတာ.... ”
အနက်ရောင်အောက်ခံ ပေါ်တွင် အဝါရောင် အစက်အပြောက်များ စွန်းထင် နေပုံရှိသော အတောင်ပုံစံနှင့် လိပ်ပြာငယ်က အန်းနကွေ့ဖေး၏ပုခုံးစွန်းထက် ခိုနား လေ၏။
“ ယွီကျို့..ပြောကြည့်စမ်းပါ။ငါ့ကလေး...သူလဲ လိပ်ပြာတွေကိုကြိုက်မလား ဆိုတာ? ”
“ အရှေ့မြောက်ဒေသဆီက မျိုးနွယ်စုမှာနေထိုင်တဲ့ ယောကျာ်းသားတွေက မင်းနေပြည်တော်က လူတွေထက်ပိုပြီး ကြမ်းတမ်း ခက်ထန် ကြတယ် ဆိုတာကို မယ်မယ် အသိဆုံးပါ။သူက လိပ်ပြာတွေအကြောင်း တွေးဖူးမယ်မထင်ဘူး။ သားရဲ တွေကိုပဲ ပိုစိတ်ဝင်စားလောက်တယ် ”
အန်းနကွေ့ဖေး၏ပယင်းရောင် မျက်ဆံများ လှုပ်ခတ် သွားသည်။
“ ဒီကလေးဟာ တကယ့်ကိုပဲ.... မယ်မယ့်ကို စိတ်ကူးလေးနဲ့ပျော်ခွင့်လေး တောင် မပေးပါလား ”
အန်းနကွေ့ဖေး ဘေး၌ ခစားသော သစ္စာရှိအထိန်းတော်ကြီးမှဝင်ပြော၏။
“ ကွေ့ဖေး မယ်မယ်က ခိုင်မာ တည်ကြည်သူပါ......အပို စကား တွေထက် အမှန်တရားကို လိုချင်တာလို့ ခန့်မှန်း မိပါတယ် ”
“ ကျိုးညန် ထားလိုက်ပါ။ ယွီကျို့ကို ငါကိုယ်တိုင် ပျိုးထောင်ပေးခဲ့တာ.... သူက နားဝင်ချိုတဲ့ စကားတွေနဲ့ တစ်ဖက်သားကို လှိမ့်ပတ်မှာ မဟုတ်ဘူး ”
“ ကွေ့ဖေး မယ်မယ်ရဲ့ ကျေးဇူးကို သားတော် အမြဲ မှတ်သားထားလျက်ပါ ”
“ ချင်စစ်တပ်နဲ့ အတူ ပါလာတဲ့ ဟိုကလေးကို ပြန်ရှာတွေ့ပြီလား? ”
YOU ARE READING
Eleventh Lord