Chapter 2

655 75 10
                                    

_Unicode_

အခန်း(၂)

ပန်းချီထဲရှိပဟေဠိလူ

မိုးသားတိမ်လိပ်တို့သည် မြို့တော်၏တောင်ဘက်မှ တဟုန်ထိုး အရှိန်ဖြင့် စီးနှင်ခြင်းကို ခံလာရသည့် တောင့်ဖြောင့်သော မြင်းနက်များနှင့် အပြိုင် မြို့တော် အလယ်ပိုင်း သို့ အုံ့မှိုင်း ပြန့်ကားလာလေသည်။

အရပ်သားများ အသွင် ဝတ်စားထား သော်ငြား တိုက်ခိုက်ရေး နွယ်ဝင် မျိုးသန့် မြင်းကောင်း များက မြင်းပေါ်ရှိသူ တို့သည် သာမန် အသက်မွေး ဝမ်းကြောင်းမှု အတွင်း ရှင်သန်နေသူများ မဟုတ်သည်ကို သက်သေပြနေသည်။

ထိုသူများ မြို့တော်အတွင်း ထိုသို့ လှည့်လည် သွားလာ နေသည်မှာ လဝက်ခန့်ပင် ရှိရော့မည်။ နေ့စဉ်လာရောက်၍ လုပ်ရိုးလုပ်စဉ် အတိုင်းပင် သတင်း အပေါက် အရောက်များသော စားသောက်ဆိုင်ကြီးတို့ ရှေ့တွင် ရပ်နား လိမ့်မည်။ သို့သော် အတွင်းသို့ တစ်ခါမျှ ဝင်ရောက်ခြင်းမရှိပေ။ အဝ၌သာနေ၍ ပုံတူပန်းချီ ထင်ရသော စာလိပ်တစ်ခုကို ထုတ်ပြ လိမ့်မည်။ စားပွဲထိုး သို့မဟုတ် ဆိုင်ဦးစီးသူမှ ရှုပ်ထွေးသော အမူအရာနှင့် ခေါင်းခါပါက စာလိပ်ကို သေချာစွာ ပြန်သိမ်းကာ နောက်တစ်ဆိုင် ဆီသို့ ထွက်ခွာ၍ ထိုနည်းအတိုင်း ဆက်လုပ်လိမ့်မည်သာ။

ယနေ့တွင်လည်း ‘လျို’ ဟူသည့် စာလုံးကို လက်ရေးလှစာဖြင့် ရေးဆွဲ ထားသော ဆိုင်းဘုတ်ချိတ်ထားသည့် စားသောက်ဆိုင်ကြီး၏ အရှေ့၌ မြင်းများကို ဇတ်ကြိုးဆွဲ၍ ရပ်တန့်လိုက်ကြသည်။‌ထိုသူတို့ ရောက်ရှိပြီး မကြာခင်မှာပင် မိုးဖွဲ မှသည် မိုးသည်းလာ၏။

မိုးဝင်ခိုသူများနှင့် ပြည့်နေသော စားသောက်ဆိုင်အတွင်းသို့ အဝတ်အစား အနက်ရောင်ဖြင့် လူတစ်ယောက်သာ ဝင်လာကာ ကျန်လူများမှာ စားသောက်ဆိုင် တံစက်မြိတ် အောက်၌ ကျန်ရစ်ခဲ့ပြီး အတွင်းသို့ ဝင်လာရန် စိတ်ကူး မရှိသည့်ပုံပင်။ အနက်ရောင်ဝတ်ထားသူက ရေစိုနေသော ဝါးခမောက်ကို ချွတ်ကာ လက်တွင် ကိုင်ထားပြီး ကျန်လက်တစ်ဖက်နှင့် အင်္ကျီ ရင်ဘတ်အတွင်း မိုးဒဏ်မှလုံခြုံစေရန် သိမ်းဆည်းထားသော စာလိပ်တစ်ခုကို ထုတ်သည်။

Eleventh Lord Where stories live. Discover now