Chapter 27 [ Final ]

409 28 2
                                        

_Unicode_

အခန်း (၂၇)

နိဂုံး

နွေဦးရွက်ကြွေတို့က မမြဲခြင်းတရားကို ပုံဖော်လျက်။ ဇီးပန်းရေနွေးကြမ်းတစ်ခွက်က မိတ်ဆွေဟောင်းကို သတိရ‌သွားစေသည်။ လူသားတို့သည်  တွေ့ဆုံ ကြုံကြိုက်မှုတို့အကြား မေတ္တာတရားနှင့် တွယ်ပတ် ချည်နှောင်ပစ်၍ အဆုံးမဲ့သော အစွဲအလမ်းကို ဖြစ်တည်လာစေ၏။

.....@@.....

အသက်သုံးနှစ်အရွယ်။

ဟွမ်လု၏စန္ဒယားသံစဉ်အတိုင်း ကိုယ်ကို ယိမ်းနွဲ့လို့ လိုက်ပါ စီးမြောခဲ့သည်။

အသက်‌လေးနှစ်အရွယ်။

ဒယိမ်းဒယိုင် ခြေလှမ်းများနှင့် အကနတ်ဘုရားမ၏ အကစတူဒီယိုသို့ လိုက်သွားခဲ့သည်။

အသက်ခုနှစ်နှစ်အရွယ်။

လေ့ကျင့်မှုများနှင့် အသားကျခဲ့ပြီး စင်မြင့်‌က သူ၏ပန်းတိုင် ဖြစ်လာခဲ့သည်။

အသက်ဆယ်နှစ်အရွယ်။

ခရိုင်အဆင့် ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည်။

အသက်တစ်ဆယ့်လေးနှစ်အရွယ်။

နိုင်ငံတော်အလံကို ခြုံ၍ ဥရောပတွင် ပြိုင်ပွဲများ ဝင်ပြိုင်ခဲ့သည်။

အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်။

နိုင်ငံတကာ အနုပညာ တက္ကသိုလ်တွင် အမှတ်အများဆုံးနှင့်ဝင်ခွင့်ရသော ကျောင်းသား ဖြစ်ခဲ့သည်။

အသက်တစ်ဆယ့်ရှစ်နှစ်အရွယ်။

အကနတ်ဘုရားမ ကျောက်ဝမ်ယွီနှင့်အတူ ပထမဆုံးအကြိမ်အဖြစ် တွဲဖက် ဖျော်ဖြေခွင့် ရခဲ့သည်။

အသက်နှစ်ဆယ်အရွယ်။

'ယွီ' အကစတူဒီယိုကို တည်ထောင်ခဲ့သည်။

အသက်နှစ်ဆယ့်ငါးနှစ်အရွယ်။

မိခင်ဖြစ်သော ကျောက်ဝမ်ယွီ ဆုံးပါးသွားခဲ့သည်။

အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ်။

'ရာစုနှစ်၏အကနတ်ဘုရား' ဟု သတ်မှတ်ခြင်းခံခဲ့ရသည်။ သေတမ်းစာကိုပြင်ဆင်ခဲ့သည်။

Eleventh Lord Where stories live. Discover now