Chapter 16

328 39 24
                                        

_Unicode_

Warning : 16+ NSFW content alert!!

အခန်း (၁၆)

တစ်ချက်နမ်းရင် ဆက်ရှင်းပြမယ်

ဂန္တဝင် စန္ဒယားခလုတ်သံနှင့် ပြင်းပြသော တေးစည်းချက်များအကြား Ballerina၏ခါးကျဉ်ကျဉ်က ယွီယွမ့်လက်ထဲ၌ သုံးပတ်ခန့် လှည့်သွားသည်။ မျက်ထောင့်စွန်းမှ နားထင်နားအထိ ကြည်လဲ့သော ကျောက်ငယ်များဖြင့် အလှကပ်ဆင်ယင်ထားသော ဘေးတိုက်မျက်နှာမှာ မခို့တရို့။

ပျောက်ဆုံးနေသော ခံစားချက်နှင့်လှုပ်ရှားမှုများ။

ဆန့်ကျင်ဘက်ဖြစ်သော ယဉ်ကျေးမှုများကို ပေါင်းစပ်ရသည်မှာ မလွယ်ကူသော်ငြား မခက်ခဲပေ။ ၎င်းတို့မှာ အတိတ်နှင့်အနာဂတ်မဟုတ်သောကြောင့်။ အချိန်ကာလဟူသည် ပေါင်းစပ်ဖန်တီး၍ မရနိုင်သော ၊ နိယာမဖြင့်ပင်လျှင် ရှင်းပြချက်မထုတ်နိုင်သော ကြားဖြတ်တည်ရှိခြင်းဖြစ်သည်။

ဗလာဖြစ်ပါသော်လည်း တစ်ချိန်တည်းတွင် တည်ရှိမှု၏သက်ရောက်မှုကားကြီးမား၏။ ထို့နောက် ကုန်ဆုံးသွားချိန်တွင် ပြန်လည်ဗလာအတိုင်း ဖြစ်သွားမည်။ မှတ်ဉာဏ်ဟူသည် အတိတ်ဆိုသည့် ဗလာရပ်ဝန်းအတွင်း ဖြည့်သွင်းထားသော အနှစ်များသာ။

ခြေချောင်းတွေကို ကုပ်ကွေးရင်း။ ချစ်စိတ်ပြင်းပြမှုကို တစ်ဖန်ပြန်လည်နှိုးဆွရင်း။

အတိတ်သည် ပြန်ပြင်ဆင်၍ မဖြစ်နိုင်တော့သည့် အမှားများဖြင့် ပြည့်နှက်နေသည်သာ။ နောက်တစ်စက္ကန့်လွန်လျှင် ယခင်တစ်စက္ကန့်သည် အတိတ်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး ပြောပြရန် မလိုတော့သော ပူပြင်းလောင်ကျွမ်းမှုများက ထပ်မံဆုပ်ကိုင်ထုဆစ်၍ မရနိုင်တော့သော အမှားအယွင်းများအဖြစ် ကျန်ရစ်ခဲ့ပေလိမ့်မည်။

" ယွီကျို့.. "

ယွီယွမ်မောဟိုက်စွာ အကြင်လူ၏နာမည်ကို ခေါ်ညည်းလိုက်သည်။ အသံကမူ ဆွဲဆွဲငင်ငင် တိုးတိုးညှင်းညှင်း။

" နာလို့လား? "

ယွီကျို့က လှုပ်ရှားနေမှုကို ရုတ်ခြည်း ရပ်ကာ မေးလာသည်။ အနှီလူ၏သတိရှိမှုကြောင့် ယွီယွမ် တိုးဖွဖွ ရယ်လိုက်မိသည်။

Eleventh Lord Where stories live. Discover now