Chapter 26

152 24 0
                                    


_Unicode_

အခန်း (၂၆)

အိမ်မက်ထဲက ဧည့်သည်ဟောင်း

အမှောင်ချထားသောနေရာ။

ပိန်းပိတ်အောင် မှောင်မိုက်နေခြင်းတော့မဟုတ်။

ပတ်ပတ်လည် ကြေးမုံပြင်တို့ဖြင့် ကာရံထားကာ အလင်းတန်းတစ်ခုက  လှုပ်ရှားနေသူ၏ အရိပ်ကို ဖြစ်တည်လာစေသည်။

ယွီကျို့ အိမ်မက်အတွင်းသို့ ကျရောက်သွားကြောင်း သိနေသလို ထို အိမ်မက်နှင့်လည်း အလွန်တရာ ရင်းနှီးနေပါ၏။ သူငယ်ရွယ်ချိန်၌ သူမြင်ခဲ့ရသော အရိပ်သည် သေးငယ်သည်။ သူကြီးပျင်းလာချိန်တွင် ထိုအရိပ်နှင့်မဆုံရတော့ချေ။ ယခုက ပြန်လည်ဆုံတွေ့ချိန်ဟု သတ်မှတ်နိုင်သည်။

တေးသံစဉ်သဲ့သဲ့ ပျံ့လွင့်နေ၏။

သို့သော် ထိုသံစဉ်တို့က ယွီကျို့ ကြားခဲ့ဖူးသည်တို့နှင့် မတူလေဘဲ စိမ်းသက်နေသည်။ စာသားများသည်လည်း ထိုကဲ့သို့ပင်။ လက်တွေ့တွင် သူတွေ့မြင်ဖူးခြင်း မရှိသေးသော တူရိယာတစ်မျိုးဖြင့် တီးခတ်နေခြင်း ဖြစ်နိုင်သည်။

ကိုယ် မင်းအတွက်ဆို အရာအားလုံး စွန့်လွှတ်နိုင်တယ်။

ဒီဘဝတော့ ကိုယ့်ကို ဖြတ်ကျော်ခွင့်ပေးပါ။

အနီရောင် ပီအန်းပန်းတွေက နေရာအနှံ့ဆီ လွင့်စင်သွားတယ်။

သူငိုနေလားဆိုတာ ဘယ်သူကရော ဂရုစိုက်ဦးမှာလဲ?

ဗုဒ္ဓရှေ့တော်မှောက်မှာ ‌နှစ်တစ်ထောင် ဒူးထောက်ခဲ့ပေမဲ့ ဗုဒ္ဓရဲ့ ဂရုဏာတော်ကို မခံစားခဲ့ရဘူး။

ကိုယ် မင်းကို နောက်တစ်ခါ ထပ်တွေ့ချင်သေးရဲ့...။

စကြဝဠာသည် ကျယ်ပြောလှချေ၏။ ၎င်းအတွင်း အချိန်နာရီတို့သည်  လှည့်ပတ်သွားလာလျက်ရှိရာ ဖြစ်နိုင်ချေနည်းသော ထိတိုက်မှု တစ်ခု၌  ထပ်တူကျသွားတတ်သည်။

လက်အလှည့်တွင် ထိမိသွားခြင်းကြောင့် လှုပ်ရှားနေသော အရိပ်၏လျှာထိုးဦးထုပ်သည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။ ဆံနွယ်အချို့မှာ နဖူးထက် ဝဲဖြာကျနေကာ အချို့မှာတော့ ချွေးတို့ဖြင့် ကပ်နေလျက်။

Eleventh Lord Where stories live. Discover now