Chapter 5

465 59 1
                                        

_Unicode_

အခန်း(၅)

မတူညီသောအတိတ်နှင့်ဒဏ်ရာဒဏ်ချက်များ

 

ယွီယွမ် ရှည်ကြာလှသော အိမ်မက်သမုဒ္ဒရာ အတွင်း လွင့်မျောနေခဲ့၏။

သူသည် လပ်ဗီးဂတ်စ်ရှိ ပါတီတစ်ခုတွင် ရှိနေသည်။ ဆလိုက်မီးများက သူရှိရာဆီသို့ အလင်းပေးထားလေရာ ဥရောပ အလှပဂေးများကြား အာရှသား တစ်ယောက်၏ သိမ်မွေ့ ထင်ရှားသော အလှတရားကို ပို၍ ထင်ပေါ်သွားစေ၏။

ကျောက်ဝမ်ယွီက ပြုံးလျက် ရှန်ပိန်ခွက်ကို ကမ်းပေးလာသည်။ သူတို့ နှစ်ယောက်သည် သားအမိဖြစ်ပါကြောင်း၊ သူသည် ကျောက်ဝမ်ယွီ၏ တစ်ဦးတည်း သော သားဖြစ်ကြောင်းကို တစ်ကမ္ဘာလုံး သိအောင် ကြေညာထားခြင်း မရှိ ပါက အနှီမိန်းမပျိုနှင့်ယှဥ်တွဲကာ သွားလာချိန်တိုင်း သူသည် ဟွမ်မျိုးရိုး မဟုတ် လေဘဲ ကျောက်မျိုးရိုးဟုသာ လူတိုင်းထင်ရချေရော့မည်။

ကျောက်ဝမ်ယွီသည် နောက်ကွယ်မှာသာ အမေတစ်ယောက်ကဲ့သို့ ပြုမူ သော်ငြား အများစုသော အချိန်တို့တွင် အရာရာကို ဖွင့်ပြော တိုင်ပင်နိုင်ပါသည့် အစ်မတစ်ဦးသို့နှယ်။

အတွင်း၌ Black hole တစ်ခုတည်ရှိနေပုံရသော ထိုအနက်ရောင် မျက်ဝန်း များ။

ထိုမျက်ဝန်းများသည် ယွီယွမ့် မျက်ဝန်းများနှင့် တူပုံပေါ်သော်လည်း ထို တစ်ချိန်တည်းမှာပင် ခြားနားပေ၏။

“ မေမေ.. ”

ကျောက်ဝမ်ယွီသည် ဟွမ်ယွီယွမ်နှင့် ခြားနားသည်။

မြင်ကွင်းအတွင်း အရိပ်များက တဖြတ်ဖြတ် ပြေးသွားလေရာ နှင်းထု တို့နှင့် ပြည့်နှက်လျက်ရှိသော တောင်ခြေ တစ်နေရာ ပေါ်လာချေ၏။

 ဖြောင့်တန်းကာ တည်ငြိမ်သည့် ကျောပြင်တစ်ခုက ယွီယွမ့်အရှေ့တွင် ရှိနေကာ ရင်းနှီးလေသော ခံစားချက်အရ ထိုလူသည် ကျောက်ဝမ်ယွီသာ။

“ အန်းရှောင်းလဲ့ ”

သို့သော် သူမသည် အခြားသူတစ်ဦး၏ အမည်ကိုသာ ခေါ်ခဲ့သည်။

Eleventh Lord Where stories live. Discover now