Extra - 1

126 18 0
                                    

_Unicode_

အချပ်ပို (၁) : ပဟေဠိဆန်သော အရှင် ၁၁

ဟွမ်ယွီယွမ်၏အသက် ၁၁ နှစ်အရွယ်။

တစ်နေ့၌ ဟွမ်လုသည် သမိုင်းဝင်ပစ္စည်းလေလံပွဲမှ ရှေးကျသည့် ပန်းချီကားတစ်ချပ်ကို ဟွမ်အိမ်တော်သို့ ယူဆောင်လာခဲ့သည်။ ထိုအချိန်က ကျောင်းပိတ်ရက်ဖြစ်ပြီး အကလေ့ကျင့်ရာ၌ ခြေထောက်ထိခိုက်သွားသဖြင့် ယွီယွမ် ထံတွင် အနားယူချိန် အမြောက်အများရှိနေကာ ဟွမ်အိမ်တော်သို့ အချိန်လာဖြုန်းနေစဉ်ဖြစ်လေသည်။

ချင်ခေတ်တွင် ဖန်တီးခဲ့သော လက်ရာများအနက် ခေတ်အရှေ့‌ပြေးဆုံး ဆိုသည့် ပန်းချီကားက မှန်ဘောင်အတွင်း ရှိနေပြီး ဟွမ်လု၏စာကြည့်ခန်းနံရံထက် တစ်ပတ်ကြာချိတ်ဆွဲထားခြင်းခံရဖူး၏။

သာမန်ကာလျှံကာမျှ ကြည့်ပြီးနောက် လှည့်ထွက်တော့မည့်အခိုက် ယွီယွမ့်လက်တို့ နာလာသည်အတိ တွန်းလှိမ့်သည့်တိုင် ဝှီးချဲဘီးများကမူ ရွေ့မသွားပါချေ။

ယောက်ျားဆန်သည့် အသံဩဩဖြင့် ရယ်မောသံက အနောက်မှ ထွက်ပေါ်လာသည်။ ယွီယွမ် စိတ်ပျက်ခြင်းကို ပြသည့်အ‌နေဖြင့် မျက်ဆံလှန်လိုက်၏။

ဟွမ်လု ၊ ဟွမ်အိမ်တော်၏အငယ်ဆုံးသားဖြစ်သော သူ့ဦးလေးငယ်ဟာ ယွီယွမ့်ထက် ၁၃နှစ်ကြီးသော သူငယ်ချင်းဖြစ်သည်။ ဥရောပသူ မိခင်နှင့် နှစ်အတော်ကြာ အတူနေခဲ့သူဖြစ်သည့်အလျောက် ယွီယွမ်မှ 'ဟွမ်လု' ဟူ၍ နာမည်တပ်ခေါ်လျှင်တောင် နေသားတကျ ပြန်တုံ့ပြန်တတ်သူပင်။ သို့သော် တရုတ်နာမည်ကို အများရှေ့တွင် ထိုသို့ခေါ်ပါက ဟွမ်မိသားစုအမြင်တွင် မတင့်တယ်သဖြင့် နောက်ပိုင်း အခြားနာမည်ကိုသာ ခေါ်ဖြစ်တော့သည်။

" Aciel.... ဘာလုပ်တာလဲ? "

ပြုံးယောင်သန်းသော မျက်နှာထားကိုချိတ်ဆွဲလျက် ဟွမ်လုက ဝှီးချဲ လော့ခ် ကို ဖြည်ပေးပြီး ယွီယွမ့်အား အနောက်သို့ ဆုတ်စေသည်။

" tu as superficiellement regardé ma collection "
( မင်းက ငါ့စုဆောင်းမှုကို သာမန်ကာလျှံကာ ကြည့်လိုက်တာပဲ )

ယွီယွမ် ဟွမ်လုထံ လည်ပြန်ကြည့်၍ အပြစ်ကင်းစင်ဟန်ဖြင့် မျက်ဝန်းတို့ကို ပုတ်ခတ် ပုတ်ခတ်လုပ်ပြကာ_____

Eleventh Lord Where stories live. Discover now