Chapter 15

265 41 8
                                    

_Unicode_

အခန်း (၁၅)

အနမ်းဦး

" မငိုပါနဲ့.. "

အမှောင်ထဲတွင် ယွီကျို့၏မျက်ဝန်းများက ရောင်ပြန်သလင်းကျောက်များနှယ် တဖျတ်ဖျတ်လက်နေ၏။

လူနှစ်ယောက်၏နှာတံထိပ်ဖျားများက ထိလုမတတ် နီးကပ်နေကာ ယွီကျို့က ပါးပြင်ကို နူးနူးညံ့ညံ့ ပွတ်သပ်ချော့မြူလာသည်။

ယွီယွမ် သူကိုယ်တိုင်က သူ့စိတ်ကို မပိုင်တော့သလို ခံစားနေရသည်။အဘယ်ကြောင့်များ ထိုလူ့ထံ နစ်ဝင်ချင်နေပါသနည်း။ ယွီယွမ် မျက်နှာလွှဲလိုက်ပြီး ဝတ်ရုံလက်ဖျားများကိုသာ ငုံ့ကြည့်နေမိ၏။

ယွီကျို့က သူ့လက်ကို ကိုင်ထားဆဲဖြစ်ပြီး လက်ဆယ်ချောင်းက အတူတကွ ယှက်နွယ်လျက်ရှိသည်။

သူ မလွှတ်လိုက်ချင်ပါပေ။ အကျိုးဆက်နှင့်ရလဒ်တို့ကို မေ့ထားပြီး သူထိုလက်များ၏ ချိတ်တွဲထားမှုကို ယခုခဏတာအတွက်ပဲဖြစ်ဖြစ် မဖြုတ်ချချင်သေးပါပေ။

" ယွီယွမ်..ကလေးလေး...ကိုယ့်ကိုကြည့် "

ယွီကျို့က ယွီယွမ့်မေးကို ပင့်ယူကာ ပြောသည်။

" မင်းအကြပ်ရိုက်နေမယ်ဆိုရင် ဘာကိုမှမလုပ်လဲရတယ် "

ထိုလူက လူတိုင်းအပေါ် ထိုသို့အလိုလိုက်လေသလား ယွီယွမ်သိချင်မိသည်။

" မင်းမလိမ်ချင်ဘူးဆိုရင် ဘာကိုမှမပြောလဲရတယ် "

" ... "

" မင်းမကြိုက်တဲ့ အရာတွေကို ငြင်းပယ်ပစ်ပြီး မင်းသဘောကျတာကို တောင်းဆိုလို့ရတယ်။ ကျေးဇူးပြုပြီး ခန့်မှန်းရခက်တဲ့ လူတစ်ယောက်လို မရှင်သန်ပါနဲ့...ကိုယ့်ကို မျက်နှာသာလေးပေး မကောင်းဘူးလား? "

စိမ့်အေးသော ဉာဉ့်ဆောင်းလေကြောင့် ယွီကျို့၏နှာထိပ်တို့က နီရဲနေသည်။ ညိုဖြောင့်သပ်ရပ်သော မျက်ခုံးတန်းထက် နှင်းမှုန်တစ်စ ကပ်ငြိသွားသည်က ချင်ခေတ်ပန်းချီဆရာ၏ သိမ်မွေ့သော စုတ်ချက်တစ်ခုနှယ်။

ပထမဦးဆုံးသော နှင်းဝေခြင်းဖြစ်ပေ၏။

" ယွီကျို့..နှင်းကျနေတယ် "

Eleventh Lord Where stories live. Discover now