Chapter 20

213 28 2
                                    

_Unicode_

အခန်း (၂၀)

သူ၏အရှင်၁၁


ယွီယွမ်သည် ဝမ်းလျားမှောက်လှဲနေရင်း စီးကရက်တစ်လိပ်သာ ရှိလျှင်ကောင်းမည်ဟု တွေးမိသည်။

ယွီကျို့က အထပ်တိုင်းကို သပ်ရပ်စွာ ပြန်လည် ဝတ်ဆင်ပြီးဖြစ်ကာ ပျင်းရိနေသော ကြောင်ပေါက်ကဲ့သို့ ဖြစ်နေသည့် ယွီယွမ့်အား ချစ်စိတ်အပြည့်မျက်ဝန်းများနှင့် ကြည့်နေသည်။ ယွီယွမ် တစ်ဖက်သို့ လှိမ့်လိုက်ပြီး ယွီကျို့ကို ပြန်ကြည့်သည်။

" အရှင် ၁၁ "

ယွီယွမ် ခေါ်လိုက်၏။

ယွီကျို့က ပြုံးသည်။ ယွီယွမ်မှ လေးစားခြင်း ၊ ကြောက်ရွံ့ခြင်း ၊ နောက်ဆံတင်းခြင်းတို့ အလျဉ်းမပါဘဲ 'အရှင်၁၁' ဟု ခေါ်လိုက်ခြင်းက သိပ်ကို ချစ်စရာကောင်းပေသည်။

" သခင်ကြီး ဘာများ အလိုရှိလို့ပါလဲ? "

ယွီယွမ်က ကျေနပ်နေပြီး တစ်ဖက်လူ၏ ကျစ်ဆံမြှီးကို ကိုင်ယူ၍ အစွန်းဖျားလေးကို အနမ်းပေးလိုက်သည်။ ယွီကျို့မျက်ဝန်းများက နက်ရှိုင်းသွားပြီး ယွီယွမ့်ကို တွန်းလှဲလို့ ရှည်ကြာသော အနမ်းကို ပုံဖော်တော့သည်။

ယွီယွမ် သူ၏ဝတ်လစ်စလစ် ဖြစ်နေသော ရင်ဘတ်‌ပေါ်ရှိ အထိမခံနိုင်သောနေရာအား ဆိတ်ဆွဲ ခံလိုက်ရ‌သည်ကြောင့် ယွီကျို့ကို ကိုက်ပစ်လိုက်၏။

အလုံးစုံ မမှောင်သေးသည့် နေ့လည်ခင်း အချိန်တွင် ချစ်တင်းနှောပြီးခြင်းက နောက်ဆက်တွဲ ကထိကထများပေသည်။ ကိုယ်စီ ဆောင်ရွက်ရမည့်အလုပ်များ ကျန်ရှိနေသေးသောကြောင့် ပွတ်သီးပွတ်သပ်ပြု၍ ဆက်အိပ်နေရန် မဖြစ်နိုင်ပါပေ။ ယွီယွမ် ပျင်းရိလျက် ဝါသနာအသစ်ကို စတင်ရှာဖွေရတော့သည်။

သူ၏ပန်းချီစွမ်းရည်သည် အကောင်းတကာ့ အကောင်းဆုံးသော ဆရာများနှင့် သင်ကြားခဲ့ခြင်းဖြစ်သည်။ ချမ်းသာသော သခင်လေးများအတွက် အိမ်မှ စီစဉ်ပေးသည့် အတန်းများက ပိတ်ရက်ရှည်ကာလတွင် အချိန်ဇယားအပြည့် ဖြစ်နေတတ်သည်မှာ ပုံမှန်ပင်။ သို့သော်ငြား ယွီယွမ်ကတော့ မတူပေ။ ယွီယွမ်သည် အခေါက်တိုင်း ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ကို ရရှိထားသည်။ သူသည် စိတ်ဝင်စားသောအရာတိုင်းကို လေ့လာစမ်းကြည့်ခွင့်ရှိကာ သူ့ဝါသနာများကို ပဲ့ကိုင်နိုင်ခဲ့၏။

Eleventh Lord Where stories live. Discover now