_Unicode_
အခန်း(၈)
ယွီကျို့ကောကော
မြင်းနှစ်ကောင်ဆွဲ ရထားလုံးသည် လျိုမိသားစုမှ ဖွင့်လှစ် ထားသော ပင်မ စားသောက်ဆိုင် အရှေ့တွင် ရပ်တန့်သွား၏။သခင်မ ၁၁ ပါလာကြောင်း အတည်ပြု ပြီးသည်နှင့် ဧည့်ကြို အစေခံက အတွင်းသို့ ပြေးဝင်ကာ သူဌေးကို သွားခေါ်လေသည်။
ရှန်မေ့လီက ခရမ်းဖျော့ရောင် ဝတ်စုံကို လဲဝတ်ထားပြီး ယွီယွမ်ကတော့ ကောင်းကင်မှိုင်းရောင်ကို ဝတ်ဆင်ထားလျက်။
တော်ဝင်နန်းတော် အနီး ဖွင့်လှစ် ထားသော လျိုမိသားစု၏ ပင်မဆိုင်သည် မင်းမျိုးနွယ်ဝင်များ လာရောက် အပျင်းဖြေရာ ဖြစ်သည့် အလျောက် အကောင်း တကာ့ အကောင်းဆုံးများနှင့် ပြည့်နှက် နေသည်မှာ အမှန်ပင် ဖြစ်သည်။
ယွီယွမ်၏ ကွဲပြားနေသော နဖူးပေါ် ဝဲကျနေသည့် ပုံစံဖြင့် ဆံပင်တိုကြောင့် တိုင်းတစ်ပါးသားရောက်လာသည့်သဖွယ် ဆိုင်အတွင်းရှိမျက်စိများက ဖုံးကွယ်ခြင်း အလျဉ်းမရှိ ယွီယွမ့်ဆီသို့သာ စိုက်ကြည့် နေကြ၏။
သူ့ဘေးရှိ မိန်းကလေးက အနားသို့ ကပ်လာပြီး ယွီယွမ့် အဝတ် လက်ဖျားကို ဆွဲကာပြောသည်။
“ လူငယ်လေးက ဘယ်သွားသွား ထင်ပေါ်နေတာပဲ.. မမ တစ်ခါမှ ဒီလိုမျိုး လူတွေ အကြာကြီး ဝိုင်းကြည့်တာ မခံရဖူးဘူး ”
အနောက်တွင် လိုက်လာသော အိမ်တော်ထိန်းက ချောင်းဟန့်ကာ ‘သခင်မ’ ဟု တစ်ချက် ခေါ်၍ သတိပေး လိုက်သည်။
သခင်မဆိုသူသည် အသက် သိပ်မကြီးသေးပေ။ သေချာစွာ ထိန်းသိမ်း ထားသော အသားအရေကြောင့် ဆယ်ကျော်သက် မိန်းမပျိုလေး ဟုပင် ထင်မှတ် ရလောက်သည်။ စိတ်မကောင်းစရာ ကတော့ ဟို ဝတ်ရုံလက်ပြတ်မင်းသား၏ ဇနီး ဖြစ်နေရုံသာ။
ဒါမှမဟုတ် အဲ့လူက နှစ်လမ်းသွားများလား!
ယွီယွမ် ခေါင်းခါ လိုက်ပြီး ထိုအရေးမပါသည့် အတွေးများကို ဝေးဝေးသို့ နှင်ထုတ် ပစ်လိုက်သည်။
YOU ARE READING
Eleventh Lord