_Unicode_
အချပ်ပို (၂) : ဂိတ်တံခါး
ချင်မင်းဆက်ခေတ်တွင် လိင်တူဆက်ဆံမှုကို ဆန့်ကျင်သည့် ပထမဆုံးဥပဒေတစ်ရပ်ကို ပြဌာန်းခဲ့၏။ ၎င်းသည် မင်မင်းဆက်နှောင်းပိုင်းတွင် လူမှုရေးမငြိမ်မသက်ဖြစ်မှုကို တုံ့ပြန်ရန် အစိုးရစောင့်ကြည့်မှု အပြင်ဘက်မှ ကိုယ်ရေးကိုယ်တာ ဖော်ပြချက်အမူအရာအားလုံးကို ကန့်သတ်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်ဟု ကောက်ချက်ချထားသည်။ မင်မင်းဆက်၏ Jiajing ဧကရာဇ်လက်ထက်မှစ၍ လိင်တူချင်း ကြိုက်နှစ်သက်ခြင်းကို တားမြစ်ခဲ့ခြင်းဖြစ်ကာ ချင်မင်းဆက်အထိ ဆက်လက် သက်ရောက်မှုရှိခဲ့၏။
~~~~~~~~~~~
ကြိမ်ဒဏ်ကြောင့်ရရှိလာသည့် ဒဏ်ရာတို့က ခန္ဓာကိုယ်အနောက်ပိုင်းတစ်ခြမ်းလုံးကို ဆိုးရွားစွာ နာကျင်ကိုက်ခဲနေစေပြီး သူ၏အာရုံထဲမှာတော့ နောက်ဆုံးသော ပြစ်ဒဏ်စီရင်ချက် အမိန့်ပြန်တမ်းကို ဖတ်ပြခဲ့သည့် ဧကရာဇ်အနားအနီးကပ်ခစားသော အထိန်းတော်၏စူးစူးဝါးဝါး အသံဖြင့်သာ ပြည့်နှက်နေသည်။
လိင်တူချင်းကာမစပ်ယှက်မှုရှိခြင်းကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့သည့်အတွက် မင်းမျိုးမင်းနွယ်ဖြစ်လျက်နှင့် ဥပဒေကိုမျက်ကွယ်ပြုကာ ဆန့်ကျင်ခဲ့သော မင်းသား ၁၁ အား တော်ဝင်မျိုးဆက်သမိုင်းမှ ထုတ်ပယ်၍ သေဒဏ်စီရင်စေ။
ညီအစ်ကိုတွေက ရွံရှာသော အကြည့်ဖြင့်ကြည့်ကြ၍ မယ်တော်ကတော့ အစောကြီးကတည်းက စွန့်ပစ်ခဲ့ပြီးသားဖြစ်၍ အကြည့်တစ်ချက်ပေးလာရန် အစီအစဉ်မရှိလောက်ပေ။
နှာခေါင်းနှင့်ပါးစပ်အတွင်းသို့ အေးစက်နေသော ရေများက ဝင်ရောက်နှောင့်ယှက်လာသည်။ ရုန်းကန်၍မရ။ ကူးခတ်ခွင့်မရှိ။ ကျောက်တုံး၏အလေးချိန်ဟာ တွယ်ဆက်ထားသောကြိုးများမှတစ်ဆင့် လူ့ခန္ဓာကိုယ်အား ရေအောက်ကြမ်းပြင် အနက်ရှိူင်းဆုံးသို့ ရောက်သည်အထိ ခေါ်ဆောင်သွားရမည့် တာဝန်ကို ပြီးဆုံးခြင်းတိုင်အောင် ထမ်းဆောင်ပေလိမ့်မည်။
အပြာရောင်ရေခဲပိုးဖဲလွှာဖြင့် ထွေးပတ်ခံထားရသော မင်းသား ၁၁ သည် တစစ ဝေးကွာလာသော ကန်ရေပြင်ထက်မှ အလင်းရောင်တို့ကို လှမ်းမျှော်ကြည့်မိ၏။ ဦးနှောက်သည် ထုံထိုင်းလာကာ အသက်ဓာတ်သည်ကား လောကကြီးအား လက်ပြနှုတ်ဆက်လျက်။
![](https://img.wattpad.com/cover/281631664-288-k831136.jpg)
YOU ARE READING
Eleventh Lord