_Unicode_
အခန်း(၄)
အရမ်းဂေးလွန်းတယ်
ထိုလူက နှုတ်ခမ်းစွန်းတို့ကို ကွေးညွှတ်ကာ တစ်လောကလုံးရှိ လူသား ဖြစ်တည်မှုတို့အား ဂရုမထားသည့် မျက်နှာပေးဖြင့် ပြောလာသည်။
“ သူကငါ့လူ။ဘယ်သူရှေ့တိုးရဲလဲ ”
ယွီယွမ် နေရာမှာတင် မေ့လဲပစ်ချင်သွားသည်။
အနည်းဆုံးတော့ Costume Drama ထဲကပိုင်ဆိုင်လိုစိတ်မြင့်သည့် အဓိက ဇာတ်ကောင်အတွက် ဖြစ်သော ထို ဒိုင်ယာလော့ ဆန်ဆန် စကားလုံးများကို ကြားရ လိမ့်မည် မဟုတ်ပေ။
ဒါမှမဟုတ် သူရဲကောင်းက အလှလေးကို ကယ်တင်နေခြင်းဟု ဆိုရလေ မလား?
ယွီယွမ် ခေါင်းစောင်း၍ အသံထွက်ကာ ရီချလိုက်သည်။ သေချာပေါက်ကို သူကအလှလေးနေရာတွင် ကရပေလိမ့်မည်။ ယွီယွမ် ဦးနှောက်ဖောက်သွားသည့် သူတစ်ဦးနှယ် ဆက်ရီနေလေ၏။
ကြေးစားများကသူတို့ကို ခြိမ်းခြောက်လိုက်သောဝါးခမောက်ဆောင်းထား သူကိုတစ်လှည့် ဝါးလုံးကွဲ ရီချလိုက်သည့် ယွီယွမ့်ဆီ တစ်လှည့် ကြည့်နေကြသည်။
ယွီကျို့သည် ချော်လဲပြီး ရူးတူးတူး ထရီနေသော ယွီယွမ်ကို လျစ်လျူရှုကာ မတ်တပ်ရပ်လိုက်သည်။ သူ့ကျောပြင်က ဖြောင့်မတ်လို့နေပြီး အန္တရာယ်ကြီးသော လေထုက ပတ်ပတ်လည်တွင် အလိုလို ဖြစ်တည်လာ၏။
အခကြေးငွေယူကာလူရိုက်ဖူး၍သာ ကြေးစားဟုသတ်မှတ်၍ရသော်ငြား သူတို့ တစ်ယောက်ချင်းစီ တိုင်းက လူသတ်ဖူးသည် မဟုတ်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ‘မင်းရှေ့ထွက် ၊ ငါရှေ့ထွက်’ ဟူ၍ မျက်ဝန်း စကားဝိုင်း ဖွဲ့နေ ကြ၏။
ယွီယွမ် သူ့ကျောပြင်ကိုအဖိခံလိုက်ရသဖြင့် ရင်ဘတ်နှင့်မြေကြီး ကပ်သွား ပေ၏။
လူပေလူတေရုပ်မျိုးလုပ်ကာ ယွီကျို့ကခြေတစ်ဖက်ကို ယွီယွမ့်ကျောပေါ် သို့ နင်းထား လိုက်ခြင်းဖြစ်သည်။ အားကိုတော့ သိပ်မသုံးထားချေ။
ယွီကျို့က ထပ်မံ၍ ပြောလာ၏။
“ လာလေ.. ”
မည်သူမှ ရှေ့ထွက်မလာ။ အုပ်စုလိုက် ချီတက်ခြင်းလည်းမရှိ။
YOU ARE READING
Eleventh Lord