[ZAWGYI ]
သခင့်ရဲ့နွေးထွေးမှုအပြည့်နဲ့ အပြုံးလေးကို ပြန်မြင်ချင်ပေမဲ့
အခုလို အေးစက်စက်နဲ့ ခပ်မဲ့မဲ့အပြုံးကိုလဲ ကျွန်တော်တပ်မက်မိပြန်တယ်။ သခင်သိလား။ ကျွန်တော်သည်သခင့်စေရာ ..Do kyungsoo...
ကံကြမ္မာက ဖန်တီးတာလား ၊ မင်းတို့ကိုယ်တိုင်က ဖန်တီးတာလား မသိပေမဲ့ ငါမင်းကိုမုန်းရလိုက်မယ်...ကြိုပြီးတောင်းပန်တယ်
ငါ့ရဲ့အတ္တကမင်းကိုနာကျင်စေခဲ့တဲ့အတွက်...Park chanyeol....
aug 24.2021
#chansoo
[ဒါလေးက စပြီး publish တုန်းက intro လေးပါ။ အောက်က အကြောင်းအရာလေးတွေလဲ သေချာဖတ်ပေးဦးနော်။ ပြန်ပြင်ထားတာလေး ^ ^ ]~
Edit; Dec_14 _2021 (09:50pm)သခင်ဆိုတဲ့ လောင်းရိပ်အောက်မှာ ကျွန်တော့်ကိုယ်ကျွန်တော် ပျော်ပျော်ကြီး မြှုပ်နှံတယ်။ သခင်မကြိုက်လဲ ကျွန်တော် ကပ်တွယ်နေဖြစ်ဦးမှာပါပဲ။
တခါတရံ ပြေးထွက်သွားချင်လောက်အောင် မွန်းကျပ်မှု့တွေထဲ သခင့်အပြုံးလေးတစ်ချက်နဲ့ ပါးချိုင့်တွင်းနက်နက်ကလေးက ပြန်ဆွဲချတယ်။ ဒီလိုနဲ့ အထပ်ထပ်အခါခါ ကျွန်တော် ကျရှုံးနေရတော့တာပါပဲ။
သခင့်ရှားညိုရောင် ဆံနွယ်လေးတွေ တစ်ချက်ပင့်သပ်တင်တိုင်း ကျွန်တော့်အသက်ဓာတ်ကို ဖြည်းဖြည်းချင်း ဆက်ရတယ်။ သေဆုံးခြင်းတွေဟာ သခင့်နှုတ်လွှာက 'ထွက်သွား' ဆိုတဲ့ စကားနဲ့တင် လုံလောက် တင်းတိမ်တယ်။
ဒီလိုလေး .. ဒီလောက်ထိကို သခင့်အနား ကပ်တွယ်ချင်မိခဲ့တာပါ။ပြိုလဲရခြင်းရဲ့ အကြောင်းပြချက်က သခင်ပေါ့။ အမြဲတမ်း သခင့်မျက်ဝန်းတွေထဲ ကျွန်တော့်ကမ္ဘာဟာ အကြိမ်ကြိမ်လဲပြိုပြီးသားဆိုတာ အဲဒီစူးရှရှ မျက်ဝန်းလေးတွေ ရှာတွေ့ပါစေ။
သခင် မရှာဘူးမလား။
သခင် သိပ်ဆိုးတယ်။ Park chanyeol သိပ်ဆိုးသည်ပေါ့။အကြောင်းတရားတွေက အကျိုးတရားတွေနဲ့ မကိုက်ညီနိုင်တော့တဲ့အခါ အရာရာက အလွှဲလွှဲအမှားမှားပဲ။ ဥပမာ ... သခင့်ကို ချစ်ရခြင်းနဲ့ အကြောင်းပြုရင်း နာကျင်ခြင်းနဲ့ ဒါဏ်ရာတွေက မညီညွှတ်စွာ ဖြစ်တည်တယ်။ တစ်ချိန်တော့ .. တစ်ချိန်ချိန်တော့။
YOU ARE READING
|| MASTER's || Z+U
Randomသခင် ထားရာနေ စေရာသွား အကျည်းတန်ကျွန်တော်သည် သခင့် ကြွေရုပ်လေးတော့ မဟုတ်ခဲ့ချေ..... ••• သခင် ထားရာနေ စေရာသွား အကျည်းတန်ကျွန်တော်သည် သခင့် ကြွေရုပ်လေးတော့ မဟုတ်ခဲ့ချေ..... start date - 24.8.2021 End date - ? chansoo 박찬열 × 도경수 #zawgyi+uni