|| 7 ||

335 54 30
                                    

[ Uni ]

A/N, warning ပဲ ပေးပါတော့မယ်။ mature on ထားတာ ဖြုတ်လိုက်ပါပြီ။ ဒါကြောင့်မလို့ ဒီအပိုင်းကို warning ပေးပါတယ်။

_

" အာ့ .. "

"အိုး ... ဆောရီးပါကွာ။ ကိုယ်မမြင်လိုက်လို့"

ခပ်ရှရှ ထွက်လာတဲ့ ထိုလူရဲ့ အသံကြောင့် Kyungsoo ကြည့်မိတော့ အဖြူရောင် အနောက်တိုင်းဝတ်စုံကြောင့်လားမသိ။ မီးရောင်မှိန်နေပေမဲ့ ထင်းလင်းနေသည့် ခံစားချက်မျိုးရသည်။

" ဟုတ် ရပါတယ်ဗျ။ ကျွန်တော်လည်း မမြင်လိုက်လို့ပါ။ "

Mask အမဲရောင် အထက်က ကြည်တောက်နေတဲ့ မျက်ဝန်းတွေကို Joing In မီးရောင် မှိန်မှိန်အောက်ကနေ မြင်လိုက်ရသည်။ Mask ကို ဆွဲချွတ်ပြီး ထိုကောင်ငယ်လေးဟာ ပြုံးပြရင်း ပြန်ပြီးသူ့ကို တောင်းပန်နေတယ်။ Jong In ခဏတာလောက် အသက်ရှူဖို့ မေ့သွားသည်မှာ ငြင်းလို့မရပေ။

" ဟို ဘယ်သွားမို့လဲ ညီလေး။ "

" ကျွန်တော် ပန်းခြံထဲ ခဏ ဆင်းမလို့ပါ။ "

အသံအနည်းငယ်ဩပေမဲ့ ချိုချိုလေးဖြစ်နေတာကိုလည်း Jong In သတိထားနေမိသည်။ နောက်ပြီး ကလေးရုပ်လေးနဲ့ နုနုထွတ်ထွတ်ကလေးမို့ ညီလေးဟုခေါ် လိုက်ခြင်းဖြစ်သည်။ ထပ်ပြီး ပြုံးပြလာပြန်တာမို့ Jong In နောက်ကို ပစ်ထားတဲ့ လက်တစ်ဖက်ကို အသာဆုပ်လိုက်မိသည်။

" ကိုယ်လည်း လိုက်ခဲ့လို့ရလား။ တစ်မျိုးတော့မထင်ပါနဲ့။ ကိုယ်လည်း ပွဲထဲကနေ မွန်းကျပ်လို့ ခဏဆင်းလာတာ။ အဖော်ရတာပေါ့။ "

သခင်က သူစိမ်းလူတွေနှင့် ပြောဆိုဆက်ဆံတာမကြိုက်မှန်း သိပေမဲ့ မိနစ်အနည်းငယ်လောက်ပဲမို့ လက်ခံလိုက်မိသည်။ သူလက်ခံကြောင်းပြောတော့ ပါးချိုင့်တုပေါ်အောင်ပြုံးလာတဲ့ ထိုလူသားဟာ ကျွန်တော်နှင့် ဘေးချင်းယှဉ်ကာ လျှောက်ခဲ့သည်။

_________

5_4_3_2_1

chanyeol လက်ပေါ်မှနာရီကို ကြည့်နေရင်း ဆယ်မိနစ်ပြည့်သွားပြီမို့ ခန်းမအဝသို့ လှမ်းကြည့်လိုက်သည်။ kyungsoo ထွက်သွားသည်နှင့် မျက်နှာတည်ကြီးနဲ့ chanyeol က Emma ဆိုသည့် သူမ အား အဖက်ပင်မလုပ်တော့။

|| MASTER's || Z+UWhere stories live. Discover now