|| 8 ||

332 52 32
                                    

[ Uni ]

" kyungsoo လေး...ထားလိုက်ပါ..arjuma ပြီးမှလုပ်လိုက်မယ်။ "

စာအုပ်ဖတ်နေရင်း ပျင်းလာတာမို့ ဧည့်ခန်းထဲမှာ ပန်းအိုးထိုးနေတာကိုတွေ့တော့ ယောင်းမကြီးကိုင်ကာ ပြာပြာသလဲပြေးလာပါတဲ့ arjuma ။ ကျွန်တော်လဲပြာယာခတ်နေတဲ့ arjuma ကို အသာပြုံးပြလိုက်ရင်း ပန်းအိုးထိုးမည့်နှင်းဆီအနီတို့ရဲ့ မလှတဲ့သစ်ရွက်များကို ခြွေနေလိုက်သည်။

"ရပါတယ်..ဒီပန်းအိုးလေးကို သခင့်အခန်းမှာထားပေးချင်လို့။ "

ထိုအခါမှ ဪ..ဆိုတဲ့ပုံမျိုးဖြင့် ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေတဲ့ arjuma က သူကိုင်ထားတဲ့ယောင်းမကြီးကိုကြည့်ပြီး..

" ဟယ်..သွားပြီ အိုးကင်းထဲဆီထည့်ပြီးဒီတိုင်းထွက်လာလိုက်တာ..."

မီးဖိုခန်းထဲပြေးဝင်သွားပြန်တဲ့ arjuma ကိုကြည့်ပြီး ကျွန်တော်ခေါင်းအသာရမ်းရင်း ရီလိုက်မိသည်။ သူ့အား သည်းသည်းလှုပ်ကြပါတဲ့ စံအိမ်ကဝန်ထမ်းများကြောင့် တခါတလေကျတော့လဲ သခင်သတ်မှတ်ထားတဲ့အစေအပါးဆိုသည့် စကားလုံးလေးအားမေ့မိသည်အထိ။

နောက်ဆုံးပန်းပွင့်လေးကိို အိုးထဲထိုးလိုက်ပြီးဘာများလိုနေလဲဟု ကြည့်နေမိသည်။ သိပ်ကိုလှလွန်းတဲ့ နှင်းဆီတွေပါလေ။ အနီရောင်တောက်တောက်ပွင့်ဖတ်တွေက ရဲရင့်ခြင်းနှင့်သတ္တိတို့ကို ကိုယ်စားပြုလေမလား။ ရိုးတံစိမ်းစိမ်းပေါ်ကဆူးတို့က နှင်းဆီအနီရဲ့အလှတို့နဲ့လားလားမျှမဆိုင်။ တစ်ပွင့်ထဲကျန်နေသည့် စားပွဲမှနှင်းဆီနီ၏ ရိုးတံပေါ်မှဆူးတို့ကို လက်ညိုးထိပ်ဖြင့်အသာထိတွေ့ရင်း ခပ်ရေးရေးပြုံးမိသည်။

သခင့်မဲ့ပြုံးတို့ကိုမြင်ရတဲ့အခါ ကျွန်တော်သည် ထိုနှင်းဆီနီကဲ့သို့ သတ္တိမရှိနိုင်။ သခင်က ကျွန်တော့်ကိုမြင်ရင် သူ့ရဲ့ မျက်ခုံးစင်းစင်းက အမြဲအလိုမကျဖြစ်နေတက်တာ။ မျက်ဝန်းသေတွေနဲ့ စူးစိုက်ကြည့်ခံရတဲ့အခါ အရင်က သူ့အပေါ်ကောင်းမွန်စွာ ဆက်ဆံပေးခဲ့တဲ့ yeol hyung ရဲ့ မျက်ဝန်းကြည်ကြည်တွေကိုပါ မြင်ယောင်မိတာမျိုး။

"kyungsoo.... "

အတွေးတွေထဲနှစ်မျောရင်း ငိုင်နေမိသည့် ကျွန်တော့်ဘေးဝင်ထိုင်ပြီး ခေါ်လိုက်တဲ့ ဦးလေး lee ၏ အသံကိုကြားမှ ကျွန်တော်လှည့်ကြည့်မိသည်။

|| MASTER's || Z+UWhere stories live. Discover now