|| 17 ||

343 56 47
                                    

[ Uni ]

မနက်နိုးလာတော့ တဖြတ်ဖြတ်လှုပ်နေတဲ့ လိုက်ကာအဖြူစလေးက လေပြေလေးများနှင့် ကျီစယ်နေကြသည်။ အိပ်နေရာမှ မထသေးပဲ မျက်လုံးများသာ ဖွင့်ထားရင်း အခန်းထဲသို့ သေချာဝေ့ပတ်ရင်း ကြည့်နေမိသည်။ ထထိုင်လိုက်သည်နှင့် အေးခနဲ ဖြစ်သွားတဲ့ခံစားချက်ကြောင့် ကိုယ့်ဟာကိုယ် ငုံ့ကြည့်မိတော့ အပေါ်ပိုင်းဗလာဖြင့်။ မနေ့ညက ချွတ်အိပ်လိုက်မိပုံပေါ်သည်။

" ဝါး ... အင်း ... "

ပျင်းကြောဆန့်လိုက်ပြီး ကုတင်မှထကာ ရေချိုးခန်းဆီသို့ ပျင်းတွဲစွာဖြင့် ဝင်သွားလိုက်သည်။ မနက်ထလာပြီး ရေချိုးရမှာ တကယ်အပျင်းဆုံးပဲ။

" CEO ။ "

ကြားလိုက်ရတဲ့ အသံစူးစူးလေးကြောင့် မျက်နှာပေါ် ဖြာကျနေသည့် ရေစက်အေးအေးတို့ကို အပြုံးဖြင့် တုန့်ပြန်လိုက်သည်။ သို့ပေမဲ့ ချက်ချင်းပြန်မဲ့သွားတဲ့ သူ့မျက်နှာကို ထိုကောင်လေးသာမြင်ရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပါဦးမည်။

အခုချိန် တခြားဘယ်သူမှရှိမှာလဲ မဟုတ်ပဲနဲ့။ သခင်လို့ပဲ ခေါ်တော့ ဘာဖြစ်မှာကျနေ။

" ကျစ်။ "

စုတ်တစ်ချက်သပ်ရင်း ရေပန်းကိုဆောင့်အောင့်ကာ ပိတ်လိုက်တော့ ရပ်တန့်သွားတဲ့ ရေစက်များကြောင့် အေးစက်ခြင်းကို မခံစားရေတော့။ သဘတ်တစ်ထည် ခါးမှာဆွဲပတ်လိုက်ရင်း ရေချိူးခန်းထဲမှ ထွက်လာလိုက်သည်။ သူရေချိုးလို့တော့ မပြီးသေးပါ။

" ဘာလာလုပ်တာလဲ။ "

သူ့အသံကိုကြားတော့ ကုတင်ဘေးမှ စားပွဲဝိုင်းလေးပေါ်ရှိ လဲကျနေသော ဝိုင်ခွက်နှင့် ပုလင်းတို့ကို ရှင်းလင်းရေးလုပ်နေရာမှ ချာခနဲလှည့်ကြည့်လာသည်။

" ဟင် .. CEO "

သူ့ကိုမြင်တော့ ပါးလေးနှစ်ဖက် ချက်ချင်းရဲတက်သွားပြီး နှုတ်ခမ်းလေး အနည်းငယ်ဟလို့ သူ့အားပြူးကြည့်နေသည်။ ပြီးမှ ချက်ချင်းပြန်လှည့်ပြီး သူ့အား ကျောပေးထားသည်။

ခါးမှာ သဘတ်တစ်ထည်သာ ပတ်ထားတဲ့ သခင့်ရဲ့ ခန္ဓာကိုယ်ထက် ရေစက်အချို့က တွဲလဲခိုနေသည်။ ရှိန်းကနဲ ဖြစ်သွားမိတဲ့ ခံစားချက်ကြီးကြောင့် မနက်စာ မစားရသေးလို့ပဲနေမှာပါဟု ဖြည့်တွေးလိုက်ရသည်။ တကယ် ဟာတာတာနဲ့ တစ်လှပ်လှပ်ကြီး။

|| MASTER's || Z+UWhere stories live. Discover now