|| 15 ||

319 57 56
                                    

[ uni ]

" chan.... "

ရုံးခန်းတံခါးကို ဖွင့်,ဖွင့်ချင်း ကြားလိုက်ရတဲ့ အီချွဲချွဲ အသံက စိတ်ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေသည်။ စိတ်ရှုပ်မှုကို အပြုံးတုနဲ့ ဖုံးကွယ်လို့ ဆိုဖာပေါ် ခြေချိတ်လို့ အခန့်သားထိုင်နေတဲ့ Emma ထံ သွားလိုက်သည်။

" စောစောစီးစီး ဘာကိစ္စများလဲ။ ကိုယ်တောင် အခုမှရောက်တာကို။ "

ဆိုလိုရင်း အဓိပ္ပါယ်ကို နားမလည်တာလား မပြောတက်တဲ့ သူမ,က နှစ်ခြိုက်စွာ ပြုံးနေသေးသည်။

ပိုင်ရှင်မရောက်ခင် ကြိုရောက်နေသည့် သူမ,သည် သိပ်ကို အားနေတာလား။ ဒါမှမဟုတ် chanyeol ကို တော်တော် ဖြစ်နေလား လို့ပေါ့။

" ဒါနဲ့ သူက... "

Emma ရဲ့ ဘေးတွင်ထိုင်ရင်း ဖုန်းကိုဝတ္တရားအရ အပေါ်အောက် ဘယ်ညာ ပွတ်နေသော Blonde hair ဖြင့် လူတစ်ယောက်။ သူ့အမေးကို Emma က ပြုံးလျှက်ပင် ဘေးက ထိုလူအား ကြည့်လိုက်ပြီး

" တို့ mommy အစ်မရဲ့ သားလေ။ တို့ မောင်လေး။ "

လက်ကို လှမ်းချိတ်ရင်း ပြောတော့မှ ဖုန်းကိုကြည့်နေရာမှ ခေါင်းထောင်လာတဲ့ ထိုလူက chanyeol ကို မြင်တော့ မထူမပါးနဲ့ နှုတ်ခမ်းတစ်စုံက ဘေးသို့ အနည်းငယ် စောင်းသွားသည်။

" Hi... "

လက်ဖဝါးကိုမြှောက်လို့ ပြုံးပြုံးလေး နှုတ်ဆက်လာတဲ့ ထိုလူက ကြည့်ရုံနဲ့တင် ရေမြေခြားတဲ့ အနောက်နိုင်ငံသားမှန်း သိသာစေသည်။ ဖြူသည်မဟုတ် နီသည်မဟုတ်တဲ့ အသားအရည်တို့နှင့် လိုက်ဖက်အောင် ဝတ်ဆင်ထားတဲ့ ရှပ်အဖြူက စတိုင်မိစွာ ရင်ဘတ်မှ ကြယ်သီးအချို့ကို လှစ်ဟထားသည်။ ကြယ်သီးတို့အား မမှန်မကန်တပ်ထားပေမဲ့ ပေါကြောင်ကြောင်မနိုင်ပဲ တမင် ဒီဇိုင်းထွင်ထားသလို ကြည့်လို့ အဆင်ပြေနေသည်။ ဂျင်းအပြာကို ပေါင်အရင်းကနေ ဒူးအပေါ်နားထိ ဖြဲ၍ပုံဖော်ထားပြီး ဘယ်သူ ကြည့်လိုက်ကြည့်လိုက်... ထိုလူသည်....

" Mike..."

chanyeol ရဲ့ စကားကို ကြားတော့ Emma ရော ထိုလူပါ ပြုံးသည်။

" chan က သိနေတယ်ပေါ့။ "

အနည်းငယ် အံ့ဩနေတဲ့ အမှုအရာဖြင့် သူမ,က ပါးစပ်ပေါ် လက်လေးအုပ်လိုက်သည်။

|| MASTER's || Z+UWhere stories live. Discover now