|| 22 ||

321 56 144
                                    

[ Uni ]

'' jong in hyung မနက်ဖြန် ကျွန်တော်တို့ ပြန်ရတော့မယ်နော်။ "

သူ့ကို စီနီယာလို့မဟုတ်ပဲ jong in hyung လို့ ခေါ်လိုက်တဲ့ kyungsoo ကို သူလှည့်ကြည့်မိသည်။ ရေကူးကန်ထဲမှ ရေများကို ဆော့ကစားနေတဲ့ kyungsoo ကြောင့် ရေစက်တချို့ kyungsoo ရဲ့ မျက်နှာရော သူ့ဆီပါ လာစင်သည်။ ပါးပေါ်လာစင်တဲ့ ရေစက်လေးကို လက်ညိုးထိပ်လေးဖြင့် သုတ်လိုက်သည်။

" hyung ကျွန်တော့်ကို စိတ်ဆိုးနေတာလား။ ကျွန်တော် တကယ် စိတ်မကောင်းဘူး။ "

ပြောနေရင်း အသံလေး တိမ်ဝင်သွားပြီး ခေါင်းလေးငုံ့သွားတဲ့ kyungsoo ကြောင့် သူ့မှာ ပျာပျာသလဲဖြစ်ရပြန်သည်။

ဘယ်လိုပြောရမလဲ။ မင်းအပေါ် ကိုယ့်ရဲ့ မဟုတ်မဟတ် ခံစားချက်တွေ ဒီထက်ပိုမတိုးလာဖို့ ရှောင်နေတာ လို့များပြောရင် အသည်းပုံနှုတ်ခမ်းလေး ပေါ်အောင်ရယ်ရင်း လူကို ပြုစားဦးမလားပဲ။ မဖြစ်နိုင်တော့တဲ့ ကိုယ်တို့နှစ်ယောက် ဒါမှမဟုတ် ကိုယ်တစ်ယောက်ထဲကပဲ တစ်ဖက်သတ်ခံစားနေတဲ့ ခံစားချက်ကို ရှက်မိလို့ ဆိုရင်ရော။

ရည်းစားမဖြစ်သေးပဲ ၊ ရည်းစားစကားလို့ သတ်မှတ်ကြတဲ့ ချစ်တယ် ဆိုတဲ့ စကားလေးတောင် မပြောရသေးပဲ အသည်းအရင်ကွဲနေရတဲ့ ကိုယ့်ခံစားချက်ကြီးကလည်း ရူးကြောင်ကြောင်နိုင်ပါတယ်။

" အခန်းပြန်တော့။ ဆက်နေရင် အအေးမိလိမ့်မယ်။ "

ကလေးသူငယ်ကို ဆူနေသလိုပြောတော့ နှုတ်ခမ်းလေးစူပြီး မော့ကြည့်လာသည်။

" မပြန်ဘူး။ ပြောမရတဲ့ အဲ့လူကြီး အိပ်မှပြန်မယ်။ "

မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးထားပြီး လက်ပိုက်လို့ ပြောလိုက်တဲ့ စကားကြောင့် jong in တောင် ကြောင်အအလေး ဖြစ်သွားရသည်။ အနားသတ်ကို ဟွန့်ခနဲနေအောင် နှာတစ်ချက်မှုတ်လိုက်တဲ့ အကောင်ပေါက်ကို စိတ်ရှိတိုင်းဆို အားရပါးရ ဆွဲနယ်ပစ်လိုက်ပြီ။ ဒါနဲ့ အဲ့လူကြီး ဆိုတာက။

" ဘယ်လူကြီးလဲ။ "

" သခင်... အာ .. ဟို CEO Park ။ CEO ကို ပြောတာ။ အဟမ်း... "

သူ့အမေးကို ရေကူးကန်ထဲက ခြေထောက်လေးများ လှုပ်ခတ်ရင်းပြန်ဖြေသည်။ သခင်ဆိုသည့် အခေါ်အဝေါ်လေးကြောင့် ခပ်ဆဆပြုံးမိတော့ သူ့အနားပိုတိုးကပ်လာတဲ့ kyungsoo ။

|| MASTER's || Z+UWhere stories live. Discover now