|| 5 ||

596 77 61
                                    

[Zawgyi]

" ရောက်ပြီလေ။ ဆင်းတော့။ "

လက်နှစ်ဖက်ပိုက်လို့ ခေါင်းကြီးငိုက်စိုက်ချထားတဲ့ kyungsoo ကို ကြည့်ရင်း chanyeol ပြောလိုက်တယ်။ မော့ကြည့်လာပေမဲ့ လျှာထိုးဦးထုပ်အမဲက မျက်လုံးအုပ်နေတော့ စူပုပ်ပုပ်လေးဖြစ်နေတဲ့ နှုတ်ခမ်းလေးကိုပဲ မြင်ရတယ်။

" သခင်ပဲ သွားလိုက်ပါ။ "

" မင်းကိုငါ လိုက်ခဲ့ဖို့ ခေါ်လာတာလေ။ "

အသံကို အနည်းငယ် မာလိုက်မှ ကားတံခါးကို ဆွဲဖွင့်ရင်း ဆင်းသွားသည်။ သူဆင်ပေးထားတဲ့ ဂျာကင်အမဲကြီးက ထိုကောင်လေးရဲ့ ပေါင်အလယ်လောက်ထိ မြှုပ်နေသည်ကို ကြည့်ရင်း chanyeol ရယ်မိသေးတယ်။

" ဘယ်သွားမှာလဲဟင်။ လူရှုပ်တဲ့နေရာတော့ မသွားချင်ဘူးနော်"

" ဘာလို့လဲ။ "

သူမေးတော့ kyungsoo က အင်္ကျီလက်ရှည်နေမှု့ကြောင့် မြှပ်နေတဲ့ကြားမှ လက်ချောင်းများဖြင့် သူ့ခန္ဓာကိုယ်ပေါ်က ဂျာကင်အမဲကို လက်ညိုးထိုးပြသည်။ နောက်ပြီး ဦးထုပ်ကိုရောပဲ။

"ကျွန်တော့် ပုံစံကြီးနဲ့ လူကြားထဲ သွားမှတော့ ခါးပိုက်နှိုက်လို့ ထင်ကြမှာပေါ့။ "

ထိုသို့ပြောတော့ သခင်က အသံထွက်သည်အထိ ရယ်တယ်။ သူတို့နှစ်ယောက်ဘေးမှ ဖြတ်သွားကြတဲ့ မိန်းကလေးငယ်တွေ သခင့်ကို ငေးသွားလိုက်တာများ အမြင်မသင့်စရာ။

" သခင် မရယ်ပါနဲ့။ ဘယ်သွားမှာလဲ ပြောလေ။ "

ထိုအခါမှ လက်သီးဆုပ်ပုံစံလုပ်ရင်း ပါးစပ်ရှေ့တေ့ကာ ချောင်းဟန့်လိုက်တဲ့ သခင်က ချက်ချင်းဆိုသလိုပဲ မျက်နှာထားက ကျောက်သားထက်တောင် မာသွားပြန်သည်။ ရေခဲစိမ်ထားတဲ့ ကျောက်တုံးလိုပဲ။ အေးစက်စက် မာကျောကျောကြီး။

" လာ။ "

သူ့လက်ကောက်ဝတ်ကို ဆွဲခေါ်သွားတဲ့ သခင်က ဘယ်ကို ဦးတည်ပြီး လျှောက်နေမှန်း မသေချာပေမဲ့ သေချာတာကတော့ သူရေခဲမုန့်စားချင်နေပြီ။ အရှေ့ ခပ်လှမ်းလှမ်းမှာ ရေခဲမုန့်ဆိုင်ကို တွေ့နေရသည်။ ဒါပေမဲ့ သခင့်ပုံကြည့်ရတာ ဘေးကပ်ရပ်က ကော်ဖီဆိုင်ကို ဝင်မဲ့ပုံပဲ။

|| MASTER's || Z+UWhere stories live. Discover now