|| 24 ||

280 35 19
                                    

[ Uni ]

" ဦးလေးလီ .. kyungsoo ရော ..  kyung ... kyungsoo ဒီမှာပဲ ရှိနေတယ်မလား။ "

" ဘယ်ထွက်သွားလဲတော့ ဦးလေးလဲ မသိဘူး။ "

အိမ်တော်ထိန်း ဦးလေးလီ ရဲ့ စကားကြောင့် ယိုင်တော့မလို ဖြစ်သွားတဲ့ ခန္ဓာကိုယ်ကို ဘေးမှ ထမင်းစား စားပွဲခုံပေါ် လက်တစ်ဖက်ထောက်ရင်း ထိန်းလိုက်ရသည်။ ဦးလေးလီ ရဲ့ သက်ပျင်းချသံ ခပ်ရဲ့ရဲ့ကိုလဲ ကြားလိုက်ရသည်။

သူ မှားပြီလား။ ထွက်သွားပြီးရင် တစ်သက်လုံးပြန်မလာနဲ့ ဆိုတဲ့ စကားလုံးတို့သည် အမှန်မဟုတ်တဲ့ မုသားသက်သက်ဆိုတာကို ထိုက‌လေး သိဖို့ကောင်းသည်။ နှလုံးသား တစ်ခုလုံးကို ဆွဲဆုပ်ခံလိုက်ရတဲ့ ခံစားချက်မျိုးနှင့်ကို မွန်းကျပ်ပြီး နာကျင်နေသည်။

" ဦးလေးလီ ကျွန်တော် .. ကျွန်တော် ကြောက်တယ်။ kyungsoo ကျွန်တော့် ဆီက ... ထွက်သွားပြီလား .. တကယ် ထွက်သွားပြီလား"

မျက်ရည်တွေကျနေတဲ့ ချန်းယောလ်ဟာ အဆုံးစွန်ထိ ခန့်ညားနေဆဲ။ တစ်ယောက်သော သူအတွက် ရည်ရွယ်တဲ့ မျက်ရည်တွေဟာ အဆုံးအစမဲ့ကို နာကျင်ရစေတယ်။ ကာယကံရှင် ကိုယ်တိုင်သာ အသိဆုံးဖြစ်လိုက်မည်။

" မဟုတ်လောက်ပါဘူး yeol လေးရယ်။ kyungsoo လေးက ဒီအတိုင်း စိတ်ညစ်လို့ ခဏထွက်သွားတာ နေမှာပါ"

" တကယ် ထွက်သွားတာ ဆိုရင်ရော .. တကယ်ဆိုရင်ရော ကျွန်တော် ..."

ရင်ဘက်ထဲတွင် သိပ်သည်းစွာ ဖြစ်တည်လာတဲ့ စို့နင့်မှု့တွေသည် အသက်ရှူရခက်စေသည်။ တကယ်ပဲ ထွက်သွားခဲ့ရင် ၊ ပြန်မလာတော့ဘူး ဆိုရင် ။ ရူးပါလိမ့်မယ်။ ကျွန်တော် Park chanyeol ရူးကို ရူးရပါလိမ့်မယ်။

ထမင်းစား စားပွဲခုံဘေးမှ ထိုင်ခုံပေါ်ထိုင်ချရင်း အသက်ကို ခပ်ဖြေးဖြေးရှူရသည်။ စားပွဲခုံပေါ်မှ ဖုန်းကို ဖွင့်လိုက်သည်။ မနက် ခုနှစ်နာရီ။ ဘယ်များရောက်နေမလဲ kyungsoo ရယ်။

မနေ့ညက အပြင်ထွက်သွားကြောင်း သိရပေမဲ့ ထိုကလေး ထွက်သွားနိုင်မည် မဟုတ်မှန်း မှန်းဆမိသည်မို့ ထိုအတိုင်း လွှတ်ထားပေးခဲ့မိသည်က မှားပြီ ထင်သည်။ မျက်ရည်တွေ သုတ်လိုက်တဲ့ လက်ချောင်းသေးသေးလေးများ တုန်ယင်နေသည်ကိုပါ အခုထိ အသေးစိတ် ပြန်မြင်ယောင်မိသည်။

|| MASTER's || Z+UWhere stories live. Discover now