|| 20 ||

331 57 133
                                    

[ uni ]

ဒီညအတွက် ရင်ခုန်နေသည်လား မပြောတက်တဲ့ ရင်ဘတ်ဘယ်ဘက်ခြမ်း တစ်နေရာက တစ်ဒိတ်ဒိတ်ရှိလှသည်။ ရှပ်အင်္ကျီအဖြူလေးကို လက်ဖြင့်နှစ်ချက်လောက် သပ်ပြီး ဖွာကျနေတဲ့ ဆံပင်တို့ကို လက်ငါးချောင်းလုံးဖြင့် သပ်တင်လိုက်သည်။ သို့သော်လည်း ပြန်ဝဲကျလာသည်။ အပြုံးနုနု တစ်ချက်ပြုံးရင်း ရွှင်မြူးနေတဲ့ သူ့ကိုယ်သူ နားမလည်ဖြစ်မိသည်။

" kyungsoo တစ်နေ့လုံး ဘယ်တွေပျောက်နေတာလဲ။ ဖွင့်ပွဲကို CEO မရောက်လာလို့ ပြဿနာနည်းနည်း တက်သွားသေးတယ်။ "

အဖွဲ့မှူး minseok က ဟိုတယ်ခန်းထဲရှိ မှန်တင်ခုံရှေ့တွင် တစ်ပြုံးပြုံးဖြစ်နေတဲ့ ကျွန်တော့်ကို အင်္ကျီနောက်ဆုံးကြယ်သီးအား တပ်ပြီး လှမ်းမေးသည်။ မနက်တုန်းက ဂျယ်ဂျူကျွန်းရယ် တခြားကျွန်းစုလေးတွေနဲ့ ပင်လယ်ကြီးကို အပေါ်စီးမှရှုစားရင်း ပျော်ရွှင်ခဲ့ရသည်။ သူ့ဘေးနား တိုးကပ်ထိုင်လာတဲ့ သခင့်ရဲ့ နှင်းဆီနံ့ရေချိုးဆပ်ပြာ သင်းသင်းလေးကိုတောင် အခုထိ အမှတ်ရနေသေးသည်။

" အဖွဲ့မှူး။ "

သူခေါ်လိုက်တော့ ဆံပင်များကို ဂျယ်လိမ်းပြီး ခေါင်းဖြီးနဲ့လှန်တင်ကာ အလုပ်ရှုပ်နေတဲ့ အဖွဲ့မှူးရဲ့ လှုပ်ရှားမှု့တွေ ရပ်သွားပြီး သူ့ကို လှည့်ကြည့်လာသည်။

" အာ .. ဟို .. ကျွန်တော် အရင်သွားတော့မယ်နော်။ အဖွဲ့မှူးပြီးမှပဲ လိုက်ခဲ့နော်။ "

ကျွန်တော့်စကားကို ဆံပင်များလှန်တင်နေလျှက်နဲ့ပင် ခေါင်းငြိတ်ပြသည်။ ဟိုတယ်ခန်းမှ ထွက်လာပြီးသည်နှင့် ထိန်းမနိုင်စွာ စိမရတဲ့ နှုတ်ခမ်းတွေက သိပ်ပျော်နေပုံရသည်။ ညစာစားပွဲကို မသွားခင် သူ့ဆီလာခဲ့ဦး တဲ့ သခင်က‌။

မနက်ကပျက်သွားတဲ့ ပြတိုက်ဖွင့်ပွဲကို နောက်နှစ်ရက်လောက်မှ ပြန်လုပ်မယ်ဆိုပြီး CEO ဖြစ်တဲ့ သခင်က ရွှေ့ဆိုင်းခဲ့သည်။ နဂိုကတည်းက စီစဉ်ထားပြီးသား ညစာစားပွဲကိုတော့ ဟိုတယ်မှာပဲ ဒီည လုပ်မည်တဲ့။ project အတွက် လာခဲ့ကြတဲ့ ကျွန်တော်တို့ အဖွဲ့အပါအဝင် ဝန်ထမ်းအချို့နဲ့ ဂုဏ်သရေရှိလူကြီးမင်းအချို့ ထိုညစာစားပွဲကို တက်ရောက်ကြမည်။

|| MASTER's || Z+UWhere stories live. Discover now