" ကိုယ့်စီမှာပဲ နေ။ "
" ကျွန်တော်ဘယ်မှ မသွားပါဘူး။ ကိုယ့်နေရာမှာပဲကိုယ် အလုပ်သွားလုပ်မှာကို။ "
ကျွန်တော့်ဘေးလွယ်အိတ်ကို ဆွဲထားတဲ့သခင်က သူ့ရုံးခန်းထဲတွင် နေဖို့သာ အတင်းရော ဇွတ်ရော ပြောနေတော့သည်။
ဆယ်ရက်ကျော်လောက် ကြာနိုင်မည့် U.S. က အလုပ်ခရီးကို တစ်ပါတ်ထဲနဲ့ ပြန်လာတော့ ဝန်ထမ်းအချို့ ပြောစရာဖြစ်ကုန်သည်။ အထူးသဖြင့်ကတော့ သခင့်စေ့စပ် သတင်းကြောင့်ဟူ၍သာ ကောက်ချက်ချနေကြသည်။
" ဒီမှာလည်း အလုပ်လုပ်လို့ ရတာပဲကို။ ဒီနေရာကလည်း ကုမ္ပဏီပဲလေကွာ။ "
ထိုင်ရာက ထလာတဲ့ သခင်က ဆွဲထားတဲ့ ကျွန်တော့် ဘေးလွယ်အိတ်ကို မလွှတ်ပေးသေးပေ။ အနည်းငယ် စူပုပ်ပုပ်ဖြစ်နေတဲ့ သခင့် ရုပ်ကလေးကြောင့် မနေ့တစ်ညလုံး ပူပန်ပြီး ရှုပ်ထွေးလေးလံနေတဲ့ စိတ်တွေက တစ်ဝက်နီးပါး သက်သာကုန်သည်။
သခင့်ပုံစံလေးကြောင့် ကျွန်တော် မသိမသာ ကြိတ်ပြုံးမိတော့ သခင်က သူ့ပါးချိုင့်ခပ်ကြီးကြီး ပေါ်သည်အထိ ပြန်ပြုံးပြသည်။
သခင့်အနား တိုးကပ်သွားပြီး ကျွန်တော် ဖက်တွယ်ထားမိသည်။ သခင့်ရင်ခွင် ခပ်နွေးနွေးက အလွန်အမင်း လုံခြုံစိတ်ချရပြီး ၊ ဒီရင်ငွေ့တွေကို မခိုလှုံနိုင်တော့မှာကို တွေးမိတော့ ရင်ထဲ တင်းကျပ်သွားသည်။
" ဒီအတိုင်းပဲ အမြဲတမ်း ပြုံးနေပေးနော် သခင်။ သခင် ငိုနေတာ ၊ အဆင်မပြေတာမျိုးကိုတွေ့ရရင် ကျွန်တော် နေထိုင်မတက်လို့။ "
" ဟ ဟ "
သခင့်ရီသံခပ်တိုးတိုးကြောင့် ကျွန်တော် သခင့်ဆီကနေ ခပ်မြန်မြန် ခွာလိုက်သည်။ ကျွန်တော့်ပုခုံးတွေပေါ်က လက်ကို မလွှတ်သေးတဲ့သခင်က ကျွန်တော့်ရဲ့ ပေစောင်းစောင်းအကြည့်ကို ဂရုမစိုက်ပဲ ကျွန်တော့်ခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲ တစ်ခါ ဆွဲသွင်းပြန်သည်။
" သခင်နော်။ ကျွန်တော်က အကောင်းပြောတာ ဘာရီစရာဘာလို့လဲ။
" နေထိုင်မတက်ဘူး ဆိုလို့ပါ။ ဘယ်လို ခံစားချက်မျိုးလဲ သိချင်လို့။ "
YOU ARE READING
|| MASTER's || Z+U
Randomသခင် ထားရာနေ စေရာသွား အကျည်းတန်ကျွန်တော်သည် သခင့် ကြွေရုပ်လေးတော့ မဟုတ်ခဲ့ချေ..... ••• သခင် ထားရာနေ စေရာသွား အကျည်းတန်ကျွန်တော်သည် သခင့် ကြွေရုပ်လေးတော့ မဟုတ်ခဲ့ချေ..... start date - 24.8.2021 End date - ? chansoo 박찬열 × 도경수 #zawgyi+uni