|| 11 ||

334 58 36
                                    

[ Uni ]

" မင်း အလုပ်လုပ်ချင်လား..."

ဒီနေ့မှ ထူးထူးဆန်းဆန်း သူ့ကို နက္ခတိုင်တွေပါ ချည်ခိုင်းနေတဲ့ သခင်က အခုလည်း ထူးထူးဆန်းဆန်းတွေ မေးနေပါသေးသည်။

" ဗျာ... "

ကျွန်တော့်ရဲ့ အူကြောင်ကြောင်ဖြစ်နေတဲ့ ပုံကိုကြည့်ပြီး သခင်က သက်ပျင်းတစ်ချက်ချသည်။ ကျွန်တော်လည်း နက္ခတိုင်ကို အပြီးသတ်ချည်ပေးလိုက်ရင်း အက်ျီပေါ်တင်နေတဲ့ ဖုန်မဟုတ်သော အမှုန့်တစ်ချို့ကို လက်ဖြင့်သပ်ချပေးလိုက်သည်။

" ဒါနဲ့များ အိမ်တော်ထိန်း lee က ဘာကို တော်တယ်ပြောတာလဲ။ "

စိတ်ပျက်သလို အသံမျိုးနှင့်ပြောတဲ့ သခင်က မှန်တင်ခုံမှာ ကျွန်တော် အဆင်သင့်ချပေးထားတဲ့ နာရီဘူးလေးထဲက နာရီကို ထုတ်ရင်း လက်တွင်ပတ်နေသည်။ ပြီးနောက် အက်ျီကိုသေချာ ပြန်ဆွဲချပြီး သပ်တင်ထားသော ဆံပင်တို့ကို လက်ဖြင့်အနည်းငယ်သ,သည်။

" အလုပ်လုပ်ချင်လား လို့ မေးတာ။ ငါ့မေးခွန်းက တစ်အပေါင်းတစ် ဘယ်လောက်လဲ ဆိုတဲ့ မေးခွန်းလောက် ခက်မယ်မထင်ဘူး။ "

မှန်ရှေ့တွင် မျက်ခုံးပေါ်သို့ လက်ညိုးဖြင့်တွတ်ရင်း မှန်မှတဆင့် သူ့ကိုကြည့်ကာ ပြောလာသည်။

လုပ်ချင်တာပေါ့။ သူလဲ တခြားသူတွေလို အလုပ်လုပ်ပြီး အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး သဘာဝတရားကြီးကို ခံစားချင်မိတာပေါ့။ ဒါပေမဲ့ မဖြစ်နိုင်ဘူးလေ။ သခင့် လောင်းရိပ်အောက်မှာ မွန်းကျပ်စွာ တည်ရှိနေရခြင်းက ကျွန်တော်စိတ်ကူးယဉ်ဖူးတဲ့ လွတ်လပ်မှု ဒါမှမဟုတ် လွှတ်မြှောက်မှုထက် ပိုသာနေဦးမည်။ အဆင်ပြေပါတယ်။ ဒီအတိုင်းလေးပဲ။ ကျွန်တော် မမြည်းစမ်းကြည့်ချင်ဘူး။ လွတ်လပ်မှုတွေကို။ လွတ်လပ်မှု ဆိုတဲ့ အရသာက သခင်ပေးတဲ့ ခါးသက်သက် မွန်းကျပ်မှုတွေလောက် စွဲလမ်းဖို့မကောင်းမှာ စိုးတယ်ရယ်။

" ငါ့မေးခွန်း သိပ်ခက်တယ်နဲ့တူတယ်။"

မှန်တင်ခုံရှေ့မှာရှိနေတဲ့ သခင်က သူအတွေးများနေတုန်း သူ့ရှေ့ရောက်လာသည်။ စူးစိုက်ကြည့်နေတဲ့ သခင့်မျက်ဝန်းတို့ကို သူပထမဆုံးအကြိမ်အဖြစ် ပြန်လည်စိုက်ကြည့်လိုက်သည်။ ငါးနှစ်အတွင်းမှာပေါ့။

|| MASTER's || Z+UWhere stories live. Discover now