|| 10 ||

317 55 69
                                    

[ Uni ]

" yeol hyung က ကျောင်းပြီးသွားရင် ဗိသုကာပညာရှင်ကြီးလုပ်မှာပေါ့။"

chanyeol ရဲ့ ပုံစံငယ်တိုက်လေးတွေထဲက ခုံလေးတွေ၊ စားပွဲဝိုင်းလေးတွေ၊ ပစ္စည်းသေးသေးလေးတွေကို သူ့လက်သေးသေးလေးတွေနဲ့ ဟိုကိုင်ဒီကိုင်လုပ်ရင်း ကုတင်ပေါ်မှာ စာရွက်တစ်ရွက်ပေါ် ဘာတွေလျှောက်ခြစ်နေမှန်းမသိတဲ့ chanyeol ကို လှမ်းမေးလိုက်သည်။ ထိုအခါ ကုတင်ပေါ်မှ chanyeol ကတော့ အရှေ့က သူ့စာကြည့်စားပွဲပေါ်တွင် တင်ထားသော ပုံစံငယ်ပစ္စည်းလေးတွေကို သဘောတကျဖြစ်နေသည့် kyungsoo ရဲ့ဘေးသို့သွားရင်း

" ဟာ...hyung ~ လုပ်ပြန်ပြီ။ ကျွန်တော်က ခွေးပေါက်လေးမဟုတ်ဘူးဗျ။ ဟွန်း! "

သူ့ဆံပင်တွေကို ထိုးဖွာတော့ အလိုမကျတဲ့ မျက်ဝန်းလေးတွေက သူ့ဆီကျရောက်လာပြီး နှုတ်ခမ်းစူကာပြောရင်း တစ်ဖက်သို့လှည့်သွားသည်။ kyungsoo ဘေးက ခုံမှာဝင်ထိုင်ရင်း စူပုတ်ပုတ်ဖြစ်ကာနေတဲ့ kyungsoo ကို မေးထောက်ရင်းကြည့်နေသည်။ ပြီးနောက် ပြုံးလိုက်သည်။

" ခွေးပေါက်လေးပါပဲကွာ။ ကြည့် .. ခုတောင် မျက်ချေးတွေနဲ့။ ဟားဟား ... "

ပြောရင်းဆိုရင်း kyungsoo မျက်ဝတ်ကို လှမ်းသုတ်ပေးတော့ ဟိုကလန့်သွားပြီး မျက်စိမှိတ်ထားကာ ငြိမ်ခံနေသည်။ ဒီလိုပါပဲ ။ kyungsoo ဟာ chanyeol အတွက် ရွံစရာမှမဟုတ်ပဲ။

" hyung နော်... မရီနဲ့။ "

" Dyo... "

" ဘာလဲ..."

ဘောက်ဆတ်ဆတ်ထွက်လာသည့် အသံလေးကြောင့် chanyeol ပြုံးမိပြန်သည်။ သူစိတ်ဆိုးနေပါတယ်ပေါ့။

" hyung က လေ ဒီတိုက်တွေ၊ အဆောက်အဦးတွေကို ဆောက်ရတာထက် ပုံဖော်ရတာကို သဘောကျတာ။"

chanyeol ရဲ့ စကားကြောင့် kyungsoo လှည့်ကြည့်လာပြီး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်သည်။ chanyeol ‌ကတော့ သူပုံဖော်ချင်မိတဲ့ ရုပ်ထုလေးထဲ Dyo ဆိုသည့် ကောင်လေးအား တေးမှတ်ထားလိုက်ပြီဖြစ်သည်။

" တူတူပဲကို။ hyung ကလဲ။"

" ကလေးတွေ နားမလည်တာပဲ ကောင်းပါတယ်လေ။"

မျက်ခုံးလေးချီလို့ အထာနဲ့ပြောနေတဲ့ chanyeol ကြောင့် kyungsoo မျက်နှာက မပြောတော့ဘူးဆိုတဲ့ ပုံမျိုးနဲ့ ခေါင်းခါကာပြန်လှည့်သွားသည်။

|| MASTER's || Z+UWhere stories live. Discover now