|| 23 ||

293 56 29
                                    

[ Uni ]

" အလုပ် မသွားဘူးလား။  "

ကုတင်ပေါ်မှာ တင်ပလွှဲထိုင်နေတဲ့ kyungsoo က သူ့ရှေ့မှာ ရပ်နေတဲ့ chanyeol ကို မော့မကြည့်ပဲ မေးသည်။

စွပ်အင်္ကျီ လက်ရှည်အဖြူလေးကြောင့် kyungsoo ရဲ့ လက်ချောင်းသေးသေးလေးတွေ တစ်စွန်းတစ်စထွက်နေသည်။ ဒါကို အကုန်လုံးဖုံးသွားအောင် အင်္ကျီလက်အနားစလေးကို ဆွဲချပြီးမှ မော့ကြည့်သည်။

" ကိုယ်နွေးနေသေးတယ်။ မနေ့ကလဲ လေယာဉ်ပေါ်မှာ အန်ပြီး ခေါင်းတောင်မထူနိုင်ဘူးမလား။ "

သူ့က်ု အလုပ်မသွားဘူးလား မေးတာကို Kyungsoo ရဲ့ နဖူးကိုစမ်းရင်း ပြောသည်။ မျက်ခုံးနှစ်ဖက်က တွန့်ချိုးထားခြင်း မရှိပေမဲ့ အလိုမကျဖြစ်နေသည်ကို သိနိုင်သည်။

" ခုနကျရင် ဆေးသောက်ပြီး အိပ်လိုက်မယ်။ ရပြီမလား။ "

" ဘာဖြစ်တာလဲ ဒီနှုတ်ခမ်းက။ အမြင်မတော်ရင် ဆွဲနမ်းမိလိုက်မယ်။ "

ခေါင်းနည်းနည်းကိုက်ပြီး စိတ်မကြည်ဖြစ်နေတာကို မနေ့က လေယာဉ်ပေါ်ကအကြောင်းတွေ ပြန်ပြောလာတဲ့ သခင်ကြောင့် စိတ်အလိုရ နှုတ်ခမ်းစူမိတော့ ဘေးတွင်ဝင်ထိုင်ရင်း သူ့ဘယ်ဘက်ပါးလေးကို အသာပွတ်သည်။

အခုလို ပေါ်တင်ကြီး နုရွပြနေတဲ့ သခင်ကြောင့် မနေတက်စွာ အခန်းထောင့်မှ ပန်းအိုးလေးကို အကြည့်ပို့မိသည်။ သို့ပေမဲ့ မနေ့ကအဖြစ်ကိုတွေးရင်း တကယ်မျက်နှာပူမိတာ အမှန်။

" ဘာလဲ။ မနေ့က အမှတ်တရကို သတိရနေတာလား။ "

" ဟာ သခင်! ''

ပြုံးစိစိနဲ့ပြောနေတဲ့ သခင်က သူ့ကိုစ,နောက်ခြင်း စတင်ပြီ။ တကယ်ရှက်သည်။ မနေ့က ဂျယ်ဂျူကနေ ဆိုးလ်ကိုပြန်ကြမည်ဆိုတော့ ရှေ့တစ်နေ့ကတည်းက အဖျားတက်ပြီး မနေ့အထိပါ အဖျားမကျတဲ့ ကျွန်တော်သည် နှုန့်တောင်မနှုန့်ချင်မိပါ။

သို့ပေမဲ့ အရေးကြီး အလုပ်ကိစ္စကြောင့် ပြန်မှရမည်ဆိုတဲ့ သခင်က ကျွန်တော်နောက်မှ ပြန်မယ်ဆိုတာကို သူနဲ့ တစ်ခါတည်းလိုက်ခဲ့ပါ တဲ့လေ။ စိတ်မချပါဘူးတဲ့။ ဘယ်တုန်းကများ လူကို ဒီလောက်အဖြစ်သည်းသွားလဲ မသိ။

|| MASTER's || Z+UWhere stories live. Discover now