|| 19 ||

356 52 54
                                    

[ Uni ]

ဟိုဟိုဒီဒီ ရှုပ်နေကြတဲ့လူအများနဲ့ အဖြူနဲ့အနက် uniform များကို အသေအချာ ဝတ်ဆင်ထားကြသည့် ဧည့်ကြိုဝန်ထမ်းများကို တွေ့နေရသည်။ ဒါမှမဟုတ် ကြည့်နေမိတာ။ ဂုဏ်ရှိန်ဂုဏ်ဝါ တောက်ပြောင်နေမှု့ကြောင့် လူကြီးမင်းများဟု ခေါ်ထိုက်သော လူတစ်ချို့ကိုလဲ မမြင်ချင်မှအဆုံးပင်။

" kyungsoo ။ "

သူ့ပုခုံးကို လာပုတ်တဲ့သူကြောင့် လှည့်ကြည့်တော့ Go sung hyung ။

" ဟိုဖက် ခဏလိုက်ခဲ့။ ",

ပြောရင်း ရှေ့ကနေ ဦးဆောင်သွားနေသည့် Go sung hyung ကြောင့် အနောက်ကနေ အူကြောင်ကြောင်နဲ့ပဲ လိုက်သွားရသည်။ တွေ့လိုက်ပါပြီ။ အမြဲတမ်း အနောက်တိုင်းဝတ်စုံဖြင့် သန့်ပြန်ချောမောနေတက်တဲ့ သခင့်ကို။ သို့ပေမဲ့ ...

" ဟင်... "

သူလန့်သွားရခြင်းက သခင့်ပုံစံကြောင့်။ Go sung hyung ခေါ်လာတဲ့ နေရာက ပြတိုက်အပြင်ဖက်က ကားပါကင်ကို။ မျက်နှာတည်ဖြင့် ခပ်ပေပေလက်ပိုက်လို့ ရပ်ရင်း ကျွန်တော့်အားကြည့်ပြီး စူပုတ်နေသည်ဟု ထင်ရသည်။

" မင်း သွားတော့။ "

Go sung ကို ကြည့်ရင်း ခပ်တည်တည်ပြောလိုက်တဲ့ chanyeol ကြောင့် Go sung စိတ်ထဲ မကျေမနပ် ဖြစ်သွားမိသည်။

တကယ်ပါပဲ။ လူကို အမြဲတမ်း နှင်လွှတ်နေတော့တာပဲ။ ငါက ဘာလုပ်မှာကျနေတာပဲ။

" ဒါက ဘာလုပ်နေတာလဲ။ ခဏနေကျရင် ဖွင့်ပွဲစရတော့မှာကို။ "

သူ့အပြောကို မထီသလိုနဲ့ လက်ပိုက်ရပ်နေဆဲ သခင်က မသိဘူးလေဆိုတဲ့ ပုံစံနဲ့။ ဒါက ဘာဖြစ်နေတာလဲ။ ဝတ်ဖို့ အင်္ကျီမရှိလို့လား ၊ မပါလာလို့လား!

ကြည့်ကြဦး။ ဖွင့်ပွဲရှိတာကို အခုထိ ခဲရောင်တီရှပ်အပွနဲ့ ဘေးစင်းသုံးကြောင်း ဘောင်းဘီကြီးဖြင့် လွတ်လပ်နေလိုက်ပုံများ။ (XD)

" မင်းကို ငါ မတ်ဆေ့ဂျ်တွေ တောက်လျှောက်ပို့ထားတယ်မလား။ "

မသပ်တင်ထားပဲ ဝဲကျနေတဲ့ ဆံနွယ်အချို့ရဲ့ အောက်က မျက်ခုံးလေးတွန့်ချိုးနေမှာ မြင်ယောင်မိသည်။ သခင်ပြောမှ သတိရမိလို့ စက်ပိတ်ထားတဲ့ ဖုန်းကို ဖွင့်ကြည့်လိုက်တော့ အားပါးပါး .. မတ်ဆေ့ဂျ် noti တွေ နည်းတာမဟုတ်ဘူး။

|| MASTER's || Z+UWhere stories live. Discover now