|| 14 ||

327 52 76
                                    



[ uni ]

" kyungsoo ရော ပါမှာလား။ "

ကွန်ပျူတာထဲဝင်မတက် အာရုံစိုက်နေတဲ့ kyungsoo က အနောက်ဖက်က ထွက်လာတဲ့ အသံကြောင့် လှည့်ကြည့်တော့ ဝန်ထမ်းတွေအတွက် အကန့်လေးတွေနဲ့ကာထားတဲ့ ဘောင်ကိုမှီလို့ ပြောနေသည့် စာရင်းစစ်အစ်မ။ သူတို့ဌာနကပါပဲ။

" ဗျာ...ဘာကိုလဲ။ "

" ဂျယ်ဂျူကို သွားဖ်ို့လေ။ ဂျယ်ဂျူမှာ အသစ်လုပ်နေတဲ့ project အတွက် ။ "

သူ့အမေးကို ဖြေလိုက်တဲ့သူက ဘေးမှ စီနီယာ jong in ။

" ကျွန်တော်တို့ ဌာနနဲ့ ဆိုင်လို့လား။ "

အဖွဲ့နှစ်နဲ့ အဖွဲ့သုံး တာဝန်ယူထားတဲ့ ဒီ project က သူတို့ စီမံခန့်ခွဲရေးဌာနနဲ့ ဆိုင်မှမဆိုင်ပဲ။ စီနီယာကတော့ ဘာမှထပ်မပြောပဲ အပေါက်ဝမှဝင်လာတဲ့ အဖွဲ့မှူး min seok ကို လှမ်းလို့ကြည့်သည်။

"ကဲ .. အားလုံးပဲ။ နောက်တစ်ပါတ်မှာ ဂျယ်ဂျူကိုသွားရမဲ့သူ ဒီဌာနက ငါးယောက်ပါမယ်။ "

" ကျွန်တော်လားဟင် ။ "

" ကျွန်မသွားချင်တာကို ။ "

" အဖွဲ့မှူး ရောလား ။ "

မေးခွန်းတွေ တန်းစီထွက်ကျလာတဲ့ သူ့အဖွဲ့သားတွေကို minseok ခြုံကြည့်လိုက်ရင်း သူ့စားပွဲနေရာတွင် ရပ်ကာ စကားတစ်ခွန်းဆိုသည်။

" CEO ရော ပါတယ်။ "

ထိုအသံအဆုံး ဝန်ထမ်းမလေး တချို့ကတော့ မှိုရသလိုမျက်နှာတွေ ဖြစ်ကုန်ကြပေမဲ့ အများအားဖြင့် မှိုင်တွေကာ ငြီးငြူသံတွေ ထွက်လာကြသည်။ သူတို့ ပျော်ဖို့တွေးထားကြပေမဲ့ CEO Park ပါလာရင်တော့ အနည်းနဲ့အများ ကျဉ်းကျပ်ကြလိမ့်မည်။

" Kim jong in , Lee hana , Kim go sung , Doh kyung soo ပြီးတော့ ငါ ။ "

ပြောလိုက်တဲ့ လူတွေရဲ့နာမည်အလိုက် လက်ညိုးတစ်ချက်စီထိုးရင်း သူ့အလှည့်အရောက် ခုံပေါ် ပစ်ထိုင်လိုက်တဲ့ minseok က စိတ်ပျက်လက်ပျက်ပင်။ ဖြစ်လောက်ပါတယ်။ CEO မရှိတုန်း အနည်းငယ်လောက်လေး သက်သာရာရဖို့ တွေးထားတာ အခုသူပါ သွားရမယ်ဆိုတော့။

" ကျွန်တော်ရောလား... "

သူ့နာမည်ပါ ခေါ်လိုက်တဲ့ အဖွဲ့မှူးကို သေချာအောင်ပြန်မေးမိတော့ ခေါင်းငြိမ့်ပြသည်။ ဘေးမှ စီနီယာကိုကြည့်မိတော့ သူ့အားပြုံးပြနေသည်။

|| MASTER's || Z+UWhere stories live. Discover now