|| 21 ||

360 55 72
                                    

[ Uni ]

" kyungsoo! တံခါးဖွင့်ပါကွာ။ kyungsoo! "

တံခါးကို တစ်ဗုန်းဗုန်းထုရင်း ဒီလောက်ခေါ်နေတာတောင် အထဲမှ ဘာသံမှပြန်မထွက်လာတဲ့ kyungsoo ကြောင့် chanyeol စိတ်ပူမိသလို စိတ်မရှည်ပါ ဖြစ်လာရသည်။

" Doh kyungsoo !! အခုချက်ချင်း တံခါးဖွင့်လို့ ပြောနေတယ်! kyungsoo! ''

သူဘယ်လောက်အော်အော် အခန်းထဲပြေးဝင်သွားတဲ့ kyungsoo က ဘာမှ မတုန့်ပြန်လာခဲ့ပါ။ ညစာစားပွဲမှာတုန်းက ပြေးထွက်သွားတဲ့ kyungsoo ကြောင့် သူအမှီလိုက်ပေမဲ့လည်း Emma ဆိုတဲ့ မိန်းမက မပြီးနိုင် ၊ မစီးနိုင် သူ့လက်ကိုလှမ်းဆွဲရင်း အရစ်ရှည်နေသေးသည်။ စိတ်မရှည်တာနဲ့ ဆောင့်တွန်းခဲ့လိုက်သေးသည်။ ဘာဖြစ်ဖြစ် ထားခဲ့လိုက်ပြီး kyungsoo နောက်ကို အမှီလိုက်ပေမဲ့လည်း ထိုအကောင်ပေါက်က သူ့ရဲ့ အခန်းထဲတောင် ဝင်သွားပြီ။

" kyungsoo ခဏ .. ခဏလေးပဲ ကိုယ်ပြောတာကို နားထောင်ပေး။ "

လေသံကို လျှော့ပြောလိုက်ရင်း တံခါးလက်ကိုင်ဘုလေးကို ဘယ်လက်ဖြင့် အကြောင်းမဲ့ ဆုပ်ကိုင်ထားမိသည်။ တံခါးချပ်ပေါ်က ညာလက်သီးကို အသာဆုပ်လိုက်ရင်း သက်ပျင်းတစ်ချက်ချမိသည်။ သူတောင် ဘာမှန်းမသိလိုက်ရပဲ ကြောင်နေမိတာ ဘယ်လိုများရှင်းပြရပါ့မလဲ။

" ကိုယ် ... ကိုယ်လဲ တကယ်မသိတာပါ။ "

ခုဏကလို မဆူညံတော့တာမလို့ တစ်ချက်တစ်ချက် တစ်ဖက်မှ kyungsoo ရဲ့ ရှိုက်သံသေးသေးလေးကို ကြားနေရသည်။ ရင်ထဲတင်းကြပ်လာမှု့နဲ့အတူ မျက်ဝန်းတို့ကို မှိတ်ချရင်း အောက်နှုတ်ခမ်းကို အသာဖိကိုက်လိုက်သည်။

" မသိဘူးဆိုရင် .. လဲ .. အင့် ... ဟင့် .. မပြောပါနဲ့ .. တော့။ "

" ကိုယ်... "

" တော်ပါတော့။ အခု အခန်းရှေ့က ထွက်သွားပေးပါ။ ကျေးဇူးပြုပြီး ... "

တိမ်ဝင်သွားတဲ့ အသံနှင့်အတူ အနားသတ်က ရှိုက်သံလေးကို ကြားဖြစ်အောင် ကြားလိုက်သေးသည်။ တံခါးလက်ကိုင်ဘုလေးကို ပိုတင်းကြပ်အောင် ဆုပ်ကိုင်လိုက်မိပြီး တံခါးချပ်ပေါ်က ညာလက်သီးကို ခပ်ဖွဖွထုမိသည်။ ဖြစ်နိုင်ရင် သူ ဒီတံခါးကို ရိုက်ဖြတ်ပြီး ဝင်ပစ်ချင်သည်။

|| MASTER's || Z+UWhere stories live. Discover now