|| 4 ||

509 68 57
                                    

[Zawgyi]

" သူဌေး ဒီနေ့ ရှယ်ယာရှင်အစည်းအဝေး ရှိပါတယ်"

သူဌေးရှေ့ လက်မှတ်ထိုးရမဲ့ ဖိုင်တစ်ချို့ကို ချပေးရင်း Jong dae ပြောလိုက်သည်။

" ဘယ်အချိန်လဲ။ "

" နောက် တစ်နာရီလောက်ဆို စမှာပါ။ အခု meeting ကအရေးကြီးလို့ နိုင်ငံခြားက ရှယ်ယာရှင်တွေလဲ ပါပါတယ်။ "

လက်မှတ်ထိုးပြီးတဲ့ ဖိုင်ကို ပိတ်လိုက်ရင်း ဖောင်တိန်မှပေသွားသည့် မှင်အချို့ကြောင့် မျက်မှောင်ကြုတ်မိတော့ ချက်ချင်းဆိုသလို မျက်စိရှေ့ ​ရောက်လာတဲ့ တစ်ရှူးတစ်ရွက်။ အလိုက်သိတဲ့ အတွင်းရေးမှူး Jong dae ဆီက တစ်ရှူးကို ယူလိုက်သည်။

' ဒေါက် ဒေါက် ဒေါက် '

ရုံးခန်းတံခါးခေါက်သံကြောင့် jong dae မှာ လည်ပြန် လှမ်းကြည့်ပြီး chanyeol ကတော့ ပေနေသည့် မှင်အချို့ကို သုတ်နေလျှက် တစ်ချက်ကလေးသာ မျက်လုံးလှန်ကြည့်သည်။

" ရှယ်ယာရှင် တစ်ယောက်က CEO နဲ့ တွေ့ချင်တယ် ပြောနေပါတယ်။ "

ရုံးခန်းတံခါး ပွင့်သွားပြီးနောက် ဝန်ထမ်းမလေး တစ်ယောက်က တရိုတသေ ပြောလာသည်။ ထိုဝန်ထမ်းမလေးရဲ့ နောက်တွင် လှမ်းဝင်လာသူဆီမှ ခပ်စူးစူးရေမွှေးနံ့သည် chanyeol ထိုင်နေသည့် အလုပ်စားပွဲအထိ ပျံ့လွှင့်လာသည်။ အနံ့စူးစူးတွေကို မနှစ်သက်ခြင်းကြောင့် မျက်ခုံးနှစ်ဖက်ကို တင်းတင်းကြုတ်ထားမိသည်။

" ငါ ဝင်လာလို့ ပြောလို့လား။ "

" ဟို ... "

သူ့လေသံ ခပ်မာမာကြောင့် ဝန်ထမ်းမလေး အနည်းငယ် လန့်သွားပုံရသည်။ ကယောင်ကတမ်း စကားများ ထစ်ကာ တောင်ဘက်လက်ညိုးထိုးရမလို မြှောက်ဘက်လက်ညိုးထိုးရမလို ကြောင်စီစီလေး ဖြစ်သွားသည်။

" Jong dae ခဏနေ အစည်းအဝေး စ,ခါနီးရင် ငါ့ကိုလာခေါ်။ အခုတော့ သွားလိုက်ဦး။ "

" ဟုတ်ကဲ့ CEO ''

အရိုအသေပေးရင်း ထွက်သွားသည့် Jong dae ကို လိုက်ကြည့်မိတော့ လက်နှစ်ဖက်ကို ဟန်ပါပါပိုက်လျှက် မတ်တပ်ရပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကိုပါ တွေ့လိုက်ရသည်။ မပေါ်တပေါ်ကလေး ပြုံးနေတဲ့ ထိုအမျိုးသမီးရဲ့ နှုတ်ခမ်းပါးထက်က အနီရင့်ရင့် နှုတ်ခမ်းနီ။

|| MASTER's || Z+UWhere stories live. Discover now