|| 16 ||

332 54 75
                                    

[ uni ]

" kyungsoo လေး။ ရုံးသွားဖို့ အကျႌမလဲရသေးဘူးလား။ ရှစ်နာရီပဲ ခွဲတော့မယ်။ "

နောက်ဆုံးလှေကားနှစ်ထစ်ကို ကျော်ဆင်းလိုက်ပြီး သူ့ကိုရပ်ကြည့်ရင်း မေးနေတဲ့ ဦးလေး Lee ဆီ သွားလိုက်သည်။ အရိုအသေပေးကာ ပြုံးပြတော့ ခေါင်းညိတ်ပြသည်။

" ဒီနေ့ ကျွန်တော်တို့ အလုပ်ကိစ္စနဲ့ ခရီးတစ်ခုသွားရမှာ။ လေယာဉ်ပေါ်မှာ ပေါ့ပေါ့ပါးပါး ဖြစ်အောင်လို့...ဟီး။ "

လက်နှစ်ဖက်ကို ကားလို့ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြလိုက်ရင်း သွားဖြီးပြလိုက်သည်။ ဦးလေး lee ကတော့ ပြုံးပြီးတော့သာ ကြည့်နေသည်။ ထို့နောက် ဦးလေး lee ရဲ့ မျက်ဆံတို့က ကျွန်တော့်ကိုကျော်လို့ နောက်ကျောဖက်ကို လှမ်းကြည့်သည်။

" yeol လေး။ "

ဘေးနားရောက်လာတဲ့ ရနံ့ခပ်သင်းသင်းကြောင့် သခင်သည် ရေမွှေးတစ်မျိုး ဆွတ်ထားပုံရသည်။ လှည့်ကြည့်မိတော့ ဘေးယှဉ်ရပ်နေတာကြောင့် သခင့် လည်တိုင်ပေါ် ခ,စားလျှက်ရှိသော မှဲ့နက်လေးတစ်လုံးကြောင့် အသက်ရှူအောင့်ထားမိသည်အထိ။ မော့ကြည့်လိုက်တော့ အရင်ဆုံးမြင်မိတာ တွန့်ချိုးထားသည့် မျက်ခုံးတစ်စုံ။

" ဒါကဘာလဲ။ "

ကျွန်တော် လွယ်ထားတဲ့ ကျောပိုးအိတ်ကို အနောက်မှကိုင်ဆွဲမြှောက်ရင်း မေးသည်။

" ရေဘူးနဲ့ လိုတာလေး....."

" ကလေးကလားနဲ့။ ကစားကွင်း သွားမှာကျနေတာပဲ။ "

သူပဲမေးပြီး အဖြေတောင်ပြီးအောင် မစောင့်ပဲ အိမ်ရှေ့ကြိုရပ်ထားတဲ့ ကားနားသို့ လျှောက်သွားသည်။ လေသံလေးနဲ့ ပြောသွားသည်တို့ကိုတော့ သူဝါးတားတားသာ။ တကယ်ပါလေ။ ဒီသခင်နဲ့တော့။

နောက်ကျောမှ မြင်နေရသည့် သခင့်ပုံရိပ်က ခဲရောင်အနောက်တိုင်းဝတ်စုံလေးဖြင့်။

"မပူဘူးလား မသိဘူး။ လွတ်လွတ်လပ်လပ် ဝတ်လာတော့ သူ့ကို ဘယ်သူက ဘာပြောမှာကျနေ။ "

" လာလေ။ လေယာဉ်မမှီရင် မင်းကိုယ်တိုင် အတောင်ပံခတ်ပြီး ပျံမလို့လား။ "

|| MASTER's || Z+UWhere stories live. Discover now