|| 26 ||

155 25 2
                                    

[ Uni ]

" ဂယောင်ဆူး မျက်နှာသိပ်မကောင်းဘူး။ ဘာဖြစ်တာလဲ။ နေမကောင်းဘူးလား။ "

" ဘာမှ မဖြစ်ပါဘူး။ အိပ်ရေးပျက်လို့ထင်တယ်။ "

အစ်မ ဟန်နာက ဟုတ်ပါပြီ ဆိုတဲ့ပုံနဲ့ ခေါင်းညိတ်ပြသည်။ တကယ်တော့ စိတ်တွေ အရမ်းပင်ပန်းနေသလို ဖြစ်နေတာ ဂယောင်ဆူးအသိဆုံးပင်။ အိမ်မှာပဲ‌ နေတာထက် အလုပ်တွေရှိနေရင် တခြားစိတ်ညစ်စရာတွေ သိပ်တွေးမိတော့မည် မဟုတ်။

ဂျယ်ဂျူကျွန်းက ညစာစားပွဲမှာ Emma ရဲ့ ကြေငြာချက်ကို အခုထိ လက်မခံနိုင်တဲ့သူရှိသလို ၊ မယုံကြည်တဲ့ သူလည်း ရှိသည်။ ဂယောင်ဆူးက ကုမ္ပဏီပြန်ဆင်းတာ သုံးရက်ပဲ ရှိသေးပြီး ကြားထဲ သခင့်သဘောအရ အလုပ် တစ်လ,နားခဲ့ရသည်။

" ဂယောင်ဆူး ရော့။ နည်းနည်းလေး လန်းသွားအောင် ဖျော်ရည်လေးသောက်လိုက်။ "

ဂျုံအင်-ဟျောင်း က ကျွန်တော့် စားပွဲခုံပေါ် ဖျော်ရည်တစ်ဘူး လာချပေးသည်။ ထုံးစံအတိုင်း အနွေး‌ထွေးဆုံး ပြုံးပြနေခဲ့သည်။

" ကျေးဇူးတင်ပါတယ်ဗျ။ "

ကျွန်တော် ရွှတ်နောက်နောက်ပြောတော့ ဂျုံအင်-ဟျောင်းက ခပ်ဖွဖွ ရီသည်။ သူ့နေရာ ကိုယ့်နေရာယူပြီး အလုပ် ပြန်စ,ကြရသည်။

ကျွန်တော်လည်း စာရင်းစာရွက်တွေကို ပြန်စစ်ဆေးရင်း ‌ခေါင်းမဖော်နိုင်တဲ့အထိ အလုပ်ကိုသာ ပြန်အာရုံစိုက်လိုက်ရသည်။

သခင့်ကို မတွေ့ရတာ တစ်ပါတ်ကျော်ပြီ ဖြစ်‌တဲ့ စိတ်က ပိုပြီး ဖိစီးမှု့ များနေတာ ဖြစ်မည်။

အလုပ်ပြန်ဆင်းတဲ့ အကြောင်းကို သခင်သိသေးမည်မဟုတ်။ သခင်က အလုပ်ကိစ္စကြောင့် U.S. ကို သွားခဲ့တာ တစ်ပါတ်ကျော်ပြီဖြစ်သည်။ ကျွန်တော့်ကိုတောင် လိုက်ခဲ့ဖို့ ခေါ်နေသေးသည်မို့ ငြင်းခဲ့ရသည်။

ဂယောင်ဆူးကို ဖုန်းနေ့တိုင်း ဆက်ပေမဲ့ တကယ်တမ်း လွမ်းစိတ်က ပိုကြီးစိုးနေသည်။ စိတ်ထဲ ‌အများကြီးလေးလံနေပြီး Emma ဘယ်အချိန်ပေါ်လာဦးမလဲ ဆိုတာကို ကြောက်ရွံ့နေရသည်။ ကိုယ့်ဖက်က အမှားမရှိပေမဲ့ Emma Kim က မြွေလို မိန်းမမျိုးလေ။

|| MASTER's || Z+UWhere stories live. Discover now