|| 25 ||

176 19 2
                                    

[ Uni ]

" omma ဘာသိထားလဲ။ "

" သား ဒီကို ဘယ်လိုလုပ် .. ဟင် လက်က ဘာဖြစ်တာလဲ"

" omma ဘာသိထားလဲလို့! ''

အနားရောက်လာတဲ့ ချန်းယောလ်ရဲ့ မျက်ဝန်းတွေဟာ နီရဲပြီး ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ အနေအထားမျိုးမှာ။

ထော့နဲ့ထော့နဲ့ဝင်လာတဲ့ ချန်းယောလ်ရဲ့ လက်တွေ တုန်‌ယင်နေတာမို့ ကြည့်လိုက်တော့ ခြေထောက်မှာရော လက်‌တွေမှာပါ ချင်းချင်းနီနေတဲ့ သွေးစအချို့ကြောင့် စိတ်ပူသွားရသည်။

ချန်းယောလ် omma က ချက်ချင်းပင် ဒါဏ်ရာရထားတဲ့ လက်ကို လာကိုင်မည်ပြုတော့ ရှောင်ဖယ်လိုက်တဲ့ ချန်းယောလ်ကြောင့် အလန့်တကြားမော့ကြည့်မိသည်။

" omma က ဘာကိုသိရမှာလဲကွယ်။ အစမရှိ အဆုံးမရှိနဲ့။ omma နားလည်အောင် ပြောမှပေါ့။ "

" သားက စေ့စပ်ထားတယ်ဆို။ ဘယ်တုန်းကလဲ .. ဘယ်တုန်းက ကျွန်တော် စေ့စပ်ခဲ့လို့လဲ! ကျွန်တော်က ဘာလို့ မသိရတာလဲ! ဘာကိစ္စ ကျွန်တော်က ... "

အတော်လေး စိတ်ရှုပ်ထွေးနေပုံရတဲ့ ချန်းယောလ်မျက်ဝန်းတွေကိုသာ ချန်းယောလ်အမေဟာ ငေးကြည့်နေခဲ့သည်။

ဒီကိစ္စကို နောက်ဆုံးတော့ ယောလ်လေး သိသွားပြီ။ သိထားရမဲ့ ကိစ္စဆိုပေမဲ့ မသိဖြစ်ခဲ့တာမလား။ နောက်ပြီး ဒီကိစ္စမှာ ပတ်ကတော်ရဲ့ ပါဝင်ပါတ်သက်မှု့က သိပ်မရှိသလောက်ပဲလေ။ ဒီလောက်ထိ တုန့်ပြန်ချက် ကြီးမားလိမ့်မယ်လို့ မထင်ထားမိပေ။

" omma! တစ်ခုခု ... တစ်ခုခု ပြောစမ်းပါ။ ရူးတော့မယ် .. ဘာမှ မသိရရင် တကယ်ရူးတော့မယ်။ အဲဒီ Emma Kim ဆိုတဲ့ မိန်းမနဲ့ သားက ဘာလို့ စေ့စပ်ထားပြီးသားတွေ ဖြစ်နေရတာလဲ။ "

အော်ဟစ်နေတဲ့ ချန်းယောလ်မျက်နှာဟာ အားမလိုအားမရနဲ့။ ချန်းယောလ်အမေက ထိုပုံရိပ်ကို မကြည့်ရက်တော့သည်မို့ လက်သီးကို တင်းတင်းဆုပ်ပြီး ချန်းယောလ်ကိုထားခဲ့ကာ အခန်းထဲသို့ ဝင်လာရသည်။

နာကျင်နေတဲ့ပုံ ၊ အလိုမကျတဲ့ပုံပဲ။
နောက်ပြီး မနေ့ညနေခင်းက ငြိုးငယ်စွာရောက်လာတဲ့ ဂယောင်ဆူးလေး။
အခု ဒေါသတကြီးရောက်လာပြန်တဲ့ ချန်းယောလ်။

|| MASTER's || Z+UWhere stories live. Discover now