[ Uni ]
" အစ်ကို ဒီကပဲစောင့်လိုက်မယ် Kyungsoo..."
" ဗျာ...အော် ဟုတ်ကဲ့..."
ကုမ္ပဏီရှေ့ရောက်တာနဲ့ ဒရိုင်ဘာအစ်ကိုက သူအပြင်မှာပဲ စောင့်မယ်ပြောကာ ကားထဲဝင်ထိုင်သည်။ ကျွန်တော်လဲ လမ်းမှာဝင်ဝယ်လာတဲ့ lunch box လေးကိုကိုင်ရင်း လေပူတစ်ချက်မှုတ်ထုတ်ကာ ကုမ္ပဏီထဲသို့ဝင်ခဲ့လိုက်သည်။ ကျွန်တော်သခင့်ရဲ့ ကုမ္ပဏီကို တစ်ခါတစ်လေမှသာ ရောက်ဖြစ်တာမို့ ဘယ်အချိန်ပဲ ရောက်လာရောက်လာ မနေတက်မထိုင်တက်ဖြစ်မိဆဲ။
အခုလည်း အထဲသာရောက်လာတယ်။ လိုက်ကြည့်နေကြတဲ့လူအချို့ကြောင့် အက်ျီလက်အနားစကို လက်ချောင်းလေးတွေဝှက်သွားသည်အထိ ဆွဲကိုင်ထားမိသည်။ မျက်စိရှေ့ဝဲကျလာတဲ့ ဆံစအချို့ကြောင့်စိတ်ရှုပ်စွာ လက်တစ်ဖက်ဖြင့် သပ်တင်လိုက်ပြီး အပေါ်ဆုံးအထပ်မှာရှိနေတဲ့ သခင့်ရုံးခန်းဆီသွားဖို့ ဓာတ်လှေကားရှေ့တွင် စောင့်နေလိုက်သည်။
" အပေါ်ထိတက်ရတာ မပျင်းဘူးလားမသိဘူး...ဒါကျတော့အချိန်ပုပ်ခံတယ်...ဟွန့်။ "
ကိုယ့်ဘာသာတစ်ယောက်ထဲ သခင့်အား မကျေမနပ်ဖြစ်နေမိသည်။ ထိုအချိန်ဓာတ်လှေကား ပွင့်လာတာကြောင့် ဘေးတွင်သူ့နည်းတူရပ်စောင့်နေကြတဲ့ လူသုံးလေးယောက်နဲ့အတူ လိုက်ဝင်လိုက်သည်။
" ခဏ..."
ပိတ်တော့မယ့် ဓာတ်လှေကားတံခါးကို drama ဇာတ်ကားတွေထဲကလို လက်ဖြင့်လှမ်းညှပ်ကာ တားလိုက်သည့်လူက ပြေးလာပုံရသည်။ ပြန်ပွင့်သွားတဲ့ ဓာတ်လှေကားတံခါးနောက် ပေါ်လာတဲ့မျက်နှာကြောင့် သူ့မျက်ဝန်းတွေ ပြူးကျယ်သွားရသည်။
" ဟင် .. ဟိုနေ့က အစ်ကို..."
သူ့ဘေးတွင်ဝင်ရပ်ကာ သူ့အားပြုံးပြနေသည်ဟု ထင်မိသည်။ ဘာလား..ဒီလူကဒီကိုဘယ်လိုလုပ်။ စဉ်းစားနေတုန်းရှိသေး ဟိုတစ်နေ့ကဟိုတယ်မှာ သခင်နဲ့ အခြေအတင်ဖြစ်ပြီး ပြောခဲ့ကြတဲ့စကားတွေကြောင့် ထိုလူဒီကုမ္ပဏီမှာ အလုပ်ဝင်မှန်းသိလိုက်သည်။
" ဒီကို ကလေးတွေ လာလို့ရတာမသိခဲ့ဘူး...P group ကိုလေ.."
လေသံလေးနဲ့ ကျွန်တော်ကြားရုံလောက်လေးပြောတဲ့ ထိုလူကို ကျွန်တော်လှည့်ကြည့်တော့ အရှေ့ကိုသာကြည့်ရင်း ပြေးလာလို့ အနည်းငယ်ပျက်နေတဲ့ ဆံပင်တို့ကိုသပ်တင်နေသည်။ ပဲကလည်းများပါ့။
YOU ARE READING
|| MASTER's || Z+U
Rastgeleသခင် ထားရာနေ စေရာသွား အကျည်းတန်ကျွန်တော်သည် သခင့် ကြွေရုပ်လေးတော့ မဟုတ်ခဲ့ချေ..... ••• သခင် ထားရာနေ စေရာသွား အကျည်းတန်ကျွန်တော်သည် သခင့် ကြွေရုပ်လေးတော့ မဟုတ်ခဲ့ချေ..... start date - 24.8.2021 End date - ? chansoo 박찬열 × 도경수 #zawgyi+uni