​|| 6 ||

366 49 17
                                    

[ Uni ]

ကျောကလေးမတ်ကာ ပေါင်ပေါ်လက်လေးနှစ်ဖက်ကို ထပ်၍ တင်ပြီး ထိုင်နေတဲ့ reception ကောင်တာမှ ဝန်ထမ်းမလေးမှာ သူ့ကိုမြင်သည်နှင့် မတ်တပ်ရပ်လိုက်သည်။

" ဘာ အလိုရှိလို့ပါလဲရှင်။ "

သူဘာမှမပြောရသေးခင် ထိုမိန်းကလေးက အပြုံးကလေးဖြင့် ဆီးကြို၍ပြောသည်။

" chan ရှိလား။ "

" ရှင်။ "

Chan ဆိုတဲ့ အခေါ်အဝေါ်ကြောင့် ဝန်ထမ်းမလေး အနည်းငယ် ကြောင်စီစီဖြစ်သွားသည်။ CEO park ဟု ပြန်ပြင်ပြောတော့မှ ထိုဝန်ထမ်းကောင်မလေးက ခဏစောင့်ရန်ပြောသည်။

စောင့်ဆိုင်းရခြင်းတွေကို မုန်းတဲ့ Emma Kim တစ်ယောက် လက်ကလေးပိုက် ကျောကလေးဆန့်လို့ စောင့်နေရသည်မှာ ဆယ်မိနစ်ကျော်လောက် ကြာပြီဖြစ်သည်။

" မရသေးဘူးလား မိန်းကလေး။ "

ကြိုးဖုန်းဖြင့် အလုပ်ရှုပ်နေသည့် ဝန်ထမ်းမလေးက မော့ကြည့်လာသည်။ မျက်မှောင်အနည်းငယ် ကြုတ်ထားမိသော သူ့ရဲ့ မျက်ခုံးတွေကိုပါ ကြည့်သည်။

" ဟုတ်ကဲ့။ ဝင်လို့ရပါပြီ။ "

ခေါင်းတစ်ချက် ညိတ်ပြလိုက်တော့ ထိုဝန်ထမ်းမလေးက ပြုံးပြလာပြန်သည်။ အနည်းငယ်လောက်လေးသာ နှုတ်ခမ်းကော့ရုံလောက်လေး ပြန်ပြုံးပြရင်း CEO Park ခေါ် chan ရှိနေမည့် ရုံးခန်းတံခါးရှေ့သွားရပ်မိသည်။

အထဲမှတစ်ဆင့် အပြင်သို့လျှံကျလာသည့် ခပ်ဩဩရယ်သံတချို့ကြောင့် သူမ,ပါ အလိုလိုပြုံးလိုက်မိသည်။ တံခါးကိုအသာဆွဲဖွင့်ရင်း ကျယ်ဝန်းလွန်းလှတဲ့ ရုံးခန်းကြီးထဲ မျက်စိရှာရသေးသည်။

" ဟုတ်ကဲ့။ ဒီနေ့ညပွဲအတွက် ကျွန်တော်က အလျှော့ပေးမှာ မဟုတ်ဘူးနော်။ အဟားး"

ဆုံလည်ထိုင်ခုံပေါ်ထိုင်ရင်း တစ်ဖက်လှည့်ပြီး ဖုန်းပြောနေတဲ့ chanyeol ၏ ကျောပြင်ကျယ်ကိုငေးကာ သူမ,ခပ်ဆဆကလေး ပြုံးလိုက်သည်။

" Chan ''

သူမ,ရဲ့ ပထမဆုံးခေါ်သံကို chanyeol မကြား။ ရုံးခန်းအတွင်းသို့ ခြေလှမ်းအနည်းငယ် လှမ်းဝင်လိုက်သည်။ ဖုန်းပြောပြီးသည့်နောက် နောက်ကျောမှ ခြေသံနှင့် နီးကပ်လာသည့်ရေ‌မွှေးနံ့ စူးစူးကြောင့် လှည့်ကြည့်လိုက်မိသည်။ Emma Kim။ သူမဟာ အမြဲတမ်း ရဲရဲတင်းတင်းရှိလွန်းလှသည်။ ဟို‌တစ်နေ့ကပဲ သူခေါ်လို့ ကော်ဖီဆိုင်သို့ တကူးတက သွားပေးခဲ့ရသည်မလား။ အခုလည်း ကိုယ့်ရုံးခန်းကို အားနာမှု့မရှိ။ ဝတ္တရားအရ အနည်းငယ်ပြုံးပြပြီး တုံ့ပြန်လိုက်သည်။

|| MASTER's || Z+UWhere stories live. Discover now